logo
myanmar
WhatsApp ကို Solid Color Wallpaper နဲ့သုံးကြမယ်

WhatsApp ကို Solid Color Wallpaper နဲ့သုံးကြမယ်

17 Feb 2020

မိတ်ဆွေ သင်က WhatsApp User တစ်ရောက်ဖြစ်ခဲ့မယ်ဆိုရင် အခုဖော်ပြပေးမယ့် အကြောင်းအရာကို ဖတ်ကြည့်သွားသင့်ပါတယ်။ ဘာလဲဆိုရင်တော့ မိတ်ဆွေတို့ရဲ့ WhatsApp Wallpaper ကို အရောင်တောက်တဲ့ Solid Color လေးတွေ အသုံးပြုနိုင်မယ့် နည်းလမ်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ပါဝင်တဲ့ Solid Color လေးတွေကတော့ Black, Dark Brown, Dark Navy, Dark Olive, Dark Purple, နဲ့
Dark Velvet Color တို့ပဲဖြစ်ပါတယ်…


ကဲဒီတော့ Solid Color ပြုလုပ်နည်းကတော့…


Step 1

WhatsApp Application မရှိသေးတဲ့သူတွေနဲ့ Latest Update မဖြစ်သေးတဲ့သူတွေအနေနဲ့ Google Play Store မှာ WhatsApp beta ကို Download ပြုလုပ်ပါ။

Step 2

Application Install လုပ်ပြီးရင်တော့ Setting ထဲမှ Chats ဆိုတာကိုသွားပါ။

Step 3

Chats ထဲရောက်သွားရင် Wallpaper ကိုနှိပ်ပြီး Solid Color ကိုရွေးပါ။

Step 4

ဒီအဆင့်တွေကို လုပ်ပြီးသွားရင် Solid Color အသစ်တွေကို မိတ်ဆွေတွေ့ရမှာ ဖြစ်ပါတယ်။ မိတ်ဆွေကြိုက်ရွေးချယ်နိုင်မယ့် Solid Color ၇ မျိုးရှိပြီး စိတ်တိုင်းကျရွေးချယ်ပြီး အသုံးပြုနိုင်ပါပြီ။

ဒီအချက်တွေကိုသိပြီးထားတဲ့သူတွေရှိသလို မရှိသေးတဲ့သူတွေလည်း ရှိသေးတဲ့အတွက် ဝေမျှပေးလိုက်ခြင်း ဖြစ်ပါတယ်။ ကဲ WhatsApp သုံးတဲ့သူငယ်ချင်းတွေရှိသေးရင်လည်း တဆင့်မျှဝေပေးနိုင်ပါတယ်။


Recent posts