
Apple ကတော့ ကြီးကြီးမားမား iOS 16 Update ကို ကြေညာသွားခဲ့ပါတယ်။ iOS User တွေကတော့ ဒီ Update ကို ရင်ခုန်စွာ စောင့်မျှော်နေကြမယ် ထင်ပါတယ်။ June 6 ရက်မှာ Release လုပ်ခဲ့ပြီး September မှာတော့ Official ထွက်မှာ ဖြစ်ပါတယ်။ အခု ဖော်ပြသွားမှာကတော့ iOS 16 မှာ ပါဝင်လာမယ့် ထင်ရှားတဲ့ Lock Screen Feature တွေပဲ ဖြစ်ပါတယ်…
Lock Screen Gallery
Lock Screen မှာ ကိုယ့်စိတ်တိုင်းကျ ထားချင်တဲ့ပုံတွေကို Option အမိုက်စားတွေနဲ့ ထားနိုင်မှာပဲ ဖြစ်ပါတယ်။ Unique Backdrop တွေ Date, Time ပုံစံ အမိုက်စားတွေနဲ့ထားနိုင်မှာဖြစ်တဲ့ အတွက် Lock Screen ရဲ့ Visual ပိုင်းက အရင်ကထက် တော်တော်မိုက်လာမှာ ဖြစ်ပါတယ်။
Lock Screen Editing
Lock Screen မှာရှိတဲ့ Font, Color နဲ့ Element တွေကို အလွယ်တကူ Customize လုပ်နိုင်မှာ ဖြစ်ပါတယ်။
Multilayered Photo Effect
Photo Subject တွေကို Time ရဲ့ အရှေ့မှာ Dynamically Display အနေနဲ့လည်းတွေ့နိုင်ပါတယ်။ မြင်ရမယ့် Style ကို ဥပမာအနေနဲ့ ပြောရရင် ကိုယ့်ထားထားတဲ့ ပုံတွေက Time ရဲ့ အရှေ့မှာ ပေါ်နေမှာပဲ ဖြစ်ပါတယ်။
Emoji
သင့်ရဲ့ Favorite Emoji ပေါ်မူတည်ပြီး Pattern Lock Screen ကိုလည်း Create လုပ်နိုင်ပါတယ်။
New Notification Design
Notification Design တွေကလည်း Bold Text နဲ့ Image တွေက Visually Pop-Up Design အနေနဲ့ လာပြမှာ ဖြစ်ပါတယ်။
Apple Collections
iOS 16 အတွက်အထူးအနေနဲ့ Set တွေကိုလည်း Dynamic, Classic နဲ့ Landscape Lock Screen တွေအနေနဲ့ ရွေးချယ်အသုံးပြုနိုင်ပါတယ်။
ဖော်ပြပေးခဲ့တာကတော့ iOS 16 မှာပါဝင်လာမယ့် ထူးခြားတဲ့ Lock Screen နဲ့ပတ်သတ်တဲ့ Feature အချို့ပဲ ဖြစ်ပါတယ်။