Social Media Marketing ကနည်းပညာတိုးတက်လာတဲ့ ခေတ်နဲ့ လက်ရှိ Covid 19 ဖြစ်ပွားနေတဲ့ကာလအပိုင်းအခြားတစ်ခုမှာ ပိုပြီး အသုံးပြုမှုတွင်ကျယ်လာတဲ့ Marketing နည်းပညာတစ်မျိုးဆိုလည်း မမှားပါဘူး။ ဒီ Marketing နည်းလမ်းကို အသုံးပြုနေတဲ့ အချိန်မှာ မှန်ကန်စွာ အသုံးပြုနိုင်ရင် အကျိုးရလဒ်ကောင်းတွေ ရရှိပါတယ်။ ဒါပေမယ့် အချို့သတိမထားမိတဲ့ အမှားအယွင်းတွေကို ပြုလုပ်မိတဲ့ အချိန်မှာတော့ အကျိုးရလဒ် ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်လာတတ်ပါတယ်။
ဒါကြောင့် Social Media Marketing မှာဖြစ်တတ်ပြီး အသုံးပြုသူတွေ သတိမထားမိတဲ့ အမှားအချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်…
- ပထမဆုံးတစ်ချက်ကတော့ အချိန်မှာကိုယ့်ရဲ့ လုပ်ငန်းက Social Media ပေါ်မှာ ဘယ်လောက် အောင်မြင်နေကြောင်း/ ဘယ်လိုကောင်းမွန်နေကြောင်းကို အမြဲတမ်း ဖော်ကျူးနေတတ်ခြင်းမျိုးပါ။ ဒီအချက်ပေါ်မှာ မူတည်ပြီး ကိုယ့်မှာရှိထားတဲ့ Follower တွေ Audience တွေရဲ့
Unfollow လုပ်ခြင်း 45% အထိ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် Self-Promotion ပြုလုပ်ခြင်းကို အလွန်အကျွံလုပ်ခြင်းကို သတိထားပါ။
- Social Media ကိုအရံသဘောမျိုး ထားရှိခြင်း... ဒီအချက်ကတော့ ကိုယ့်ရဲ့လုပ်ငန်းက Social Media Marketing ကိုအသုံးပြုမယ်ဆိုရင် လုပ်ငန်းအတွက် Conversion များစွာကို Lead လုပ်နိုင်မယ့် အခြေမျိုးမှာ Social Media Marketing ကို အရံသဘောလောက်သာ အသုံးပြုပြီး အခြား Marketing နည်းလမ်းတွေကို အသုံးပြုနေခြင်းမျိုး ဖြစ်သည်။
- Consistent မဖြစ်ခြင်း… ဒီတစ်ချက်ကတော့ ကိုယ့်ရဲ့ လုပ်ငန်းမှာ အသုံးပြုနေတဲ့ Social Media Marketing Flow ကိုပုံမှန် မသွားနေပဲ Flow များစွာကို အသုံးပြုခြင်းဖြစ်ပါတယ်။ Organic Audience တွေ အမြင်မှာသိရှိထားတဲ့ Flow ကို ပုံမှန်အသုံးမပြုပဲ Consistent မဖြစ်တဲ့ Flow တွေကို အသုံးပြုမိနေပါက Audience ရဲ့အမြင်ကို ပြောင်းသွားတတ်စေတဲ့အတွက် လုပ်ငန်းမှာ ထိခိုက် နစ်နာမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။
- Automation အမှားဖြစ်ခြင်း… Automation ကိုအသုံးပြုခြင်းက သင့်ရဲ့လုပ်ငန်းအတွက် Social Media နဲ့ပတ်သတ်တဲ့ Cross Platform တွေ Site တွေနဲ့ပတ်သတ်ပြီး Management လုပ်ကိုင်တဲ့ နေရာမှာ အလွန်အသုံးဝင်ပါတယ်။ ဒါပေမယ့် အချို့ Social Media Post တွေ Comment တွေမှာ Reply လုပ်တဲ့အချိန်မျိုးတွေမှာ လူကိုယ်တိုင် Monitoring လုပ်တာလောက် အဆင်မပြေနိုင်ပါဘူး။ ဥပမာ - (အရှက်ရစရာဝေါဟာရတွေ၊ ဘမ်းစကားတွေ အစရှိတဲ့ အမှားတွေ)
ဒီအချက်တွေက Social Media Marketing ကိုတွဲပြီး အသုံးပြုနေတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ထိခိုက်မှု အနည်းနဲ့အများ ဖြစ်ပေါ်လာနိုင်တဲ့ အချက်တွေဖြစ်ပါတယ်။ ဒီအချက်တွေကို သတိပြုပြီး ရှောင်ရှားသွားနိုင်မယ်ဆိုရင်တော့ ပိုကောင်းမွန်တဲ့ အကျိုးရလဒ်တွေကို ရရှိလာမှာ ဖြစ်ပါတယ်။