11 Feb 2020
Facebook Page တွေထောင်ပြီး ကိုယ့်ရဲ့ စီးပွားရေး လုပ်ငန်းကို တိုးချဲ့လုပ်ကိုင်လာကြပါတယ်။ ကိုယ့်ရဲ့ Product/Service တွေကို လူသိများအောင် ကြော်ငြာဖို့ပဲ ဖြစ်ဖြစ်၊ Promote လုပ်ချင်လို့ပဲဖြစ်ဖြစ် Facebook Page ကနေ Boosting လုပ်နိုင်ပါတယ်။ Facebook Advertising ပိုင်းကို ထဲထဲဝင်ဝင် မသိပဲ Boost တဲ့အခါမှာ ငွေတွေသုံးပြီး ရသင့်ရထိုက်တဲ့ ရလဒ်ကို မရခဲ့ရင် သင့်အတွက် နစ်နာမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီလိုနစ်နာမှုတွေမဖြစ်ရပဲနဲ့ Facebook Page အတွက် Engagement တိုးလာစေ့မယ့် အချက်အချို့ကိုဖော်ပြပေးသွားပါမယ်…
Engagement Rate များတဲ့ Video တွေတင်ပေးပါ။ တင်မဲ့ Video က ကိုယ့်ရဲ့ လုပ်ငန်းစီးပွားနဲ့ သက်ဆိုင်တဲ့ Video ဖြစ်ဖို့တော့ လိုအပ်ပါတယ်။ Facebook မှာ Video တွေက User Scroll လုပ်မိတာနဲ့ Auto Play သွားတာဖြစ်တဲ့အတွက် တိုက်ရိုက်မကြည့်ဖြစ်ရင်တောင်မှ Impression ရပါတယ်။ ဒီလို Video တွေ Auto Play နေတာက Default ဖြစ်တဲ့အတွက် ပိတ်ထားချင်တယ်ဆိုရင် Setting ထဲက Auto-Play Videos ကို Off ဖို့လိုအပ်ပါတယ်။ Engagement ကောင်းတဲ့ Video တွေရဲ့ Duration က စက္ကန့် ၃၀ ကနေ ၂ မိနစ်အတွင်းမှာ ရှိပါတယ်။ သင့်တော်တဲ့ Duration အနေနဲ့ကတော့ စက္ကန့် ၆၀ နဲ့ ၉၀ ပဲဖြစ်ပါတယ်။
Audience Data တွေကို ပြန်လည်အသုံးချနိုင်ဖို့အတွက် Facebook Insight ကိုလည်းကြည့်ပေးဖို့ လိုအပ်ပါတယ်။ Insight ကြည့်တဲ့အခါမှာလည်း ၁ လကို တစ်ကြိမ်နှုန်းနဲ့ ကြည့်ရှုစစ်ဆေးပြီး Content တွေကို ပြန်ပြီး သုံးသပ်နိုင်ပါတယ်။ ဘယ်လိုအကြောင်းအရာမျိုးနဲ့ Content ကို Audience ကကြိုက်လည်း စိတ်ဝင်တစားရှိလဲဆိုတာတွေကို သုံးသပ်ပါ။ ဒီအချက်တွေကို သိသွားရင်တော့ ပိုပြီး Creative ဖြစ်တဲ့ Content မျိုးတွေကို ဖန်တီးနိုင်ဖို့ အခွင့်အလန်း ရှိပါတယ်။ User-Generated Content မျိုးတွေလည်း များများဖန်တီးပေးပါ။
ဒီအချက်တွေကို သေချာဂရုစိုက်ပြီး လုပ်ကြည့်မယ်ဆိုရင် မိတ်ဆွေတို့ရဲ့ Facebook Page Engagement က အရင်ကထက်ပိုပြီး သိသိသာသာ တိုးတက်လာပါလိမ့်မယ်။ ဒါပဲ!