31 Dec 2019
LinkedIn ဟာ Business-focused Social Platform ဖြစ်ပြီး အခြား Social Media Platform လို Entertainment ပိုင်းကို သိပ်ဦးစား မပေးတဲ့အတွက် B2B, B2C နဲ့ပတ်သတ်တဲ့သူတွေ၊ စိတ်ဝင်စားတဲ့သူတွေ နဲ့ Business နယ်ပယ်ကသူတွေ အသုံးများတဲ့ Platform တစ်ခုဖြစ်ပါတယ်။ မိတ်ဆွေတို့ အနေနဲ့လည်း LinkedIn သုံးတဲ့ အခါမှာ အကျိုးမယုတ်စေဖို့ အတွက် သိထားသင့်တဲ့ အချက်တွေရှိပါတယ်။ ဒီအချက်တွေကို မိတ်ဆွေတို့ သိနိုင်ဖို့အတွက် ဝေမျှပေးချင်ပါတယ်။
Basic Profile ကို Update ပုံမှန်လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ LinkedIn User တော်တော်များများဟာ Basic Profile ကို Update လုပ်ပေးဖို့မေ့နေတတ်ကြပါတယ်။ သင်ဟာ အခုမှ LinkedIn စသုံးတဲ့သူဆိုရင်လည်း သင့်ရဲ့ အလုပ်တစ်ခုခုကိုထည့်ဖို့မမေ့ပါနဲ့ ဒါမှသင့်ရဲ့ Profile ဟာ Smart ကျနေမှာဖြစ်ပါတယ်။ ဒီအချက်ဟာ သင့် Profile အတွက် ကောင်းမွန်တဲ့ အချက်တစ်ချက်ပဲဖြစ်
ပါတယ်။
LinkedIn မှာ Background Image ကိုဂရုစိုက်ဖို့လည်းလိုအပ်ပါတယ်။ ဒီ Background Photo ဆိုရင်လည်း Profile အတွက် တော်တော်လေးကိုအရေးပါတဲ့အချက်တစ်ချက်ဖြစ်ပါသေးတယ်။ သင့်ရဲ့ Background Photo ကို Personality ဒါမှမဟုတ် Professional ဆန်ဆန်လေးတင် မယ်ဆိုရင်တော့ အကောင်းဆုံးပါ။ Background Photo ရဲ့ Size ကတော့ 1400 x 425 Resolution နဲ့ထားနိုင်ပြီး PNG, JPG နဲ့ GIF တွေကို အသုံးပြုနိုင်ပါတယ်။
Profile URL ကိုကောင်းမွန်စွာပေးထားပါသင် LinkedIn စသုံးတဲ့ အချိန်မှာ LinkedIn Profile URL ကို အဓိပ္ပါယ်မရှိတဲ့ Letters, Numbers နဲ့ Backslashes တွေကိုအသုံးပြုခဲ့မယ်ဆိုရင် ထိုအချက်တွေ က နောက်ပိုင်းမှာ သင့်ရဲ့ Profile ကိုထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့်မို့ သင့်ရဲ့ LinkedIn Profile URL ကိုကောင်းမွန်စွာ မပေးခဲ့ဘူးဆိုရင်တော့ Professional ဆန်တဲ့ LinkedIn Profile URL ပြန်ပြောင်းနိုင်ပါတယ်။
အထက်ပါ အချက်လေးတွေဟာ LinkedIn User တွေအတွက် အခြေခံလိုအပ်ချက်လေးတွေဆိုရင်လည်း မမှားပါဘူး။ အခက်အခဲကြီးတွေမဟုတ်တဲ့အတွက် LinkedIn User တွေအတွက်အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။