logo
myanmar
Website User Behavior Track လုပ်မယ်ဆိုရင် သိထားသင့်သောအရာများ

Website User Behavior Track လုပ်မယ်ဆိုရင် သိထားသင့်သောအရာများ

10 Jul 2021

User Behavior ကို Track လုပ်ခြင်းဖြင့် သင့်ရဲ့ Website ကိုနေ့စဥ်ဝင်ရောက်တဲ့ Visitor တွေရဲ့ပြုမူဆောင်ရွက်မှုများကိုသိနိုင်ရန်ကူညီပေးပါလိမ့်မယ်။ User Behavior ကိုလေ့လာသုံးသပ်ခြင်းဟာသင့်ရဲ့ Website ကိုပိုမိုတိုးတက်လာစေရန်ကူညီပြီး Visitor တွေ Website အသုံးပြုတဲ့အခါပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံကိုရရှိရန် အထောက်အကူပြုပါတယ်။


ကျွမ်းကျင်တဲ့ Marketer တွေရဲ့အဆိုအရ User Experience ဟာ အမျိုးမျိုးသော Website ပေါ်မှာရှိတဲ့ User တွေ ရဲ့ သုံးစွဲမှုအပေါ်သက်ရောက်ပါတယ်။ ဒါပေမယ့် Tracking နဲ့ Measuring လုပ်မယ်ဆိုရင် တူညီတဲ့အချက်က Website ကိုရေးဆွဲတဲ့ Designer, Marketer နဲ့ Web Developer တွေကြားမှာ အပြုသဘောဆောင်တဲ့ပူးပေါင်းမှုမျိုးရှိရန်လိုပါတယ်။အဲ့လိုပူးပေါင်းဆောက်ရွက်မယ်ဆိုရင် အောက်ဖော်ပြပါအချက်တွေဖြစ်တဲ့


* Scroll depth

* Site speed

* In-page clicks

* Mouse movements

* Navigation patterns စတာတွေကို Tracking လုပ်နိုင်ပါတယ်။


ရရှိလာတဲ့ Result ပေါ်မူတည်ပြီး Visitor တွေရဲ့ Data များအားထိန်းသိမ်းခြင်း၊ Content တွေစိတ်ကြိုက်ဖန်တီးပြုလုပ်ခြင်းနှင့် Website Navigation တို့နှင့် ပတ်သက်၍ ထိရောက်သောဆုံးဖြတ်ချက်ချရန်အချက်အလက်များကိုအသုံးပြုနိုင်ပါတယ်။

Recent posts