logo
myanmar
Facebook Profile တွေမှာ Adaptive Color Background တွေနဲ့မြင်တွေ့ရတော့မှာလား?

Facebook Profile တွေမှာ Adaptive Color Background တွေနဲ့မြင်တွေ့ရတော့မှာလား?

23 Apr 2020

Profile တွေရဲ့အရောင်ပေါ် မူတည်ပြီး Facebook ရဲ့ Mobile App တွေမှာ Profile Image တွေရဲ့ Adaptive ဖြစ်တဲ့ Color Background ကိုပြောင်းလဲစေနိုင်မယ့်ရွေးစရာ Option အသစ်တစ်ခုကိုစမ်းသပ်နေတယ်လို့ဆိုပါတယ်။ဒါဟာတကယ်အကောင်အထည်ဖော်ဖြစ်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။Facebook ရဲ့အမြဲမြင်နေကြ အဖြူအပြာ Profile Background ကနေခွဲထွက်ပြီး ဒီလိုပြောင်းလဲလိုက်တာကလဲ သိသာထင်ရှားတဲ့ပြောင်းလဲမှုဖြစ်လို့ တကယ်ရောဖြစ်လာပါ့မလားဆိုတာလဲ မေးစရာပါပဲ။

အပေါ်ကပုံမှာမြင်တွေ့ရသည့်အတိုင်းဆိုရင်တော့ User တွေရဲ့ Profile Image အတွင်းရှိအဓိကအရောင်ကိုခွဲခြားသတ်မှတ်ပြီး နောက်ခံအရောင်ကို Profile Image နှင့်ကိုက်ညီအောင်ပြောင်းလဲပြုလုပ်မဲ့ပုံစံပဲဖြစ်ပါတယ်။

ဒီလိုသာဖြစ်လာမယ်ဆိုရင်တော့ အရမ်းစိတ်ဝင်စားဖို့ကောင်းမှာပါ။ဘာလို့လဲဆိုရင်တော့ အပြောင်းအလဲကိုကြိုက်တဲ့သူတွေရှိတဲ့အပြင် ဒါကသင့်ရဲ့ပုံမှန် Facebook browsing အတွေ့အကြုံမြင်နေကြပုံစံကိုပြောင်းလဲစေတဲ့အတွက် အဖြူအပြာ နဲ့အသားကျနေသူတွေအတွက်တော့ အရောင်တွေကတမျိုးဖြစ်နေပါလိမ့်မယ်။စာဖတ်သူတွေရောဒီပြောင်းလဲမှုကို ဘယ်လိုမြင်လဲ Comment မှာဝင်ရောက်ဖြေကြည့်ပါဦး ?

Recent posts