logo
myanmar
Social Selling Strategy ကိုလွဲချော်သွားစေနိုင်တဲ့ အချက်များ

Social Selling Strategy ကိုလွဲချော်သွားစေနိုင်တဲ့ အချက်များ

01 Jan 2020

Social Media ကလက်ရှိအချိန်မှာ Global Marketplace ဖြစ်လာတဲ့အတွက် Salepeoples တွေ၊ B2B Organization တွေဟာလည်း Social Selling အတွက် ဒီ Social Media ကိုပဲ အဓိကထားလာကြပါတယ်။ Social Media ကိုအဓိကထားပြီး လုပ်ငန်း လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေမှာ Social Selling Strategy ကောင်းကောင်းရှိမှသာ ပြိုင်ဘက်လုပ်ငန်းတွေထက်သာလွန်တဲ့ အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိနိုင်မှာပဲ ဖြစ်တဲ့အတွက် ခိုင်မာတဲ့ Social Selling Strategy တွေကို အချိန်ယူပြီး ဖန်တီးထားပေးမယ့် မလွဲချော်သင့်တဲ့ အမှားတွေကြောင့် သင့်လုပ်ငန်းမှာ ထိခိုက်နစ်နာမှုတွေ ဖြစ်လာစေနိုင်ပါတယ်။ဒါကြောင့် ဒီလိုအရေးကြီးတဲ့ Social Selling Strategy ကိုလွဲချော်သွားစေနိုင်တဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။


Social Network တွေကို Promotional Channel ကဲ့သို့ အသုံးပြုခြင်းတွေကို ရှောင်ကြဥ်ပေးပါ။ ဒီအချက်မှာ လွဲမှာနေတာက Social Network ဆိုတာက သင့်ရဲ့ Product/Service တွေကို Brand Awareness ရရှိစေဖို့ နဲ့ Audience Engagement ရရှိစေဖို့ အတွက် အသုံးကြတာဖြစ်ပါတယ်။ ဒါကိုသင်က သင့်လုပ်ငန်းအတွက် Promotional Channel လိုသဘောထားပြီး Promotion တွေပဲလုပ်နေတယ်ဆိုရင် Audience ဘက်ကလည်း ငြီးငွေ့လာနိုင်ပြီး သင့်လုပ်ငန်းအတွက် နောက်ပိုင်းမှာ နစ်နာမှုတွေ ရှိလာနိုင်ပါတယ်။ ဒီအချက်တွေကို သတိထားပြီး Audience နှစ်သက်တဲ့ အရာတွေကိုလည်း ရံဖန်ရံခါ ဖန်တီးပေးဖို့ လိုအပ်ပါတယ်။


Random Sharing တွေနဲ့ Engagement ရှာဖွေတာကို သတိထား ရှောင်ကြဥ်ပါ။ ဒီအချက်ဘာကြောင့် သတိထားသင့်လည်းဆိုတော့ Social Network ပေါ်မှာ ကိုယ့်လုပ်ငန်းကို လူပိုသိလာအောင်၊ လူပိုစိတ်ဝင်စားလာဖို့အတွက် Social Media ပေါ်က Content တွေကို Sharing လုပ်လေ့ရှိပါတယ်။ ဒီလို Sharing လုပ်တဲ့အပိုင်းမှာက ကိုယ့်ရဲ့ လုပ်ငန်းနဲ့သက်ဆိုင်ပြီး Trend ဖြစ်တဲ့ Content ဆိုရင်တော့ Audience တွေရဲ့ စိတ်ဝင်စားမှုကို ရရှိစေနိုင်ပါတယ်။ ဒီနေရာမှာ လုပ်ငန်းနဲ့ မသက်ဆိုင်တဲ့ Content တွေကို Random Sharing လုပ်ခဲ့မိတယ်ဆိုရင်တော့ ကိုယ့်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ Audience တွေရဲ့ စိတ်ဝင်စားမှုကို မရရှိတော့ပဲ တခါတရံမှာ ကိုယ့်လုပ်ငန်းကိုပါ Neglect လုပ်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီလို Random Sharing လုပ်တဲ့အခါမှာ သတိပြုပြီး Sharing လုပ်ဖို့ လိုအပ်ပါတယ်။


ပြည့်စုံတဲ့ Investment လုပ်ဖို့နေရာမှာ လိုအပ်ချက်တွေ ရှိနေခြင်းက သင့်ရဲ့ Social Selling Training မှာ ထိခိုက်နိုင်ပါတယ်။ ပြည့်စုံတဲ့ Investment တစ်ခုဖြစ်လာဖို့အတွက်ဆိုရင် ကြိုတင်ပြင်ဆင်သင့်တဲ့ အရာတွေမှာ တိတိကျကျ ချမှတ်ဖို့ လိုအပ်ပါတယ်။ တိတိကျကျ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အရာတွေကတော့…


* Goal နဲ့ KPI တွေကို သေချာသတ်မှတ်ခြင်း

* Customer Research ကောင်းကောင်းလုပ်ခြင်း

* Valuable Content တွေ Sharing လုပ်ခြင်း၊ Creating လုပ်ခြင်း

* Potential Customer တွေအတွက် Locating နဲ့ Targeting လုပ်ခြင်း

* Potential Customer တွေနဲ့ Relationship ဖန်တီးခြင်း

* Social Selling Tool များသုံးခြင်း (CRM System ကောင်းကောင်းသုံးခြင်း)

* KPI ကိုပြန်ပြီး တိုင်းတာခြင်းနဲ့ Tracking ပြန်လိုက်ခြင်း


အစရှိတဲ့ အချက်တွေကို အကောင်းဆုံး ကြိုတင်ပြင်ဆင်ခဲ့မယ်ဆိုရင် သင့်လုပ်ငန်းဟာ Right Profile, Right People, Right Messaging, Right Content တွေနဲ့ မှန်ကန်တိကျတဲ့
Social Selling Strategy ကို အမှားအယွင်းမရှိပဲ ဖန်တီးနိုင်လာပါလိမ့်မယ်။ နောက်ထပ် တစ်ချက်ကတော့ သင့်လုပ်ငန်းရဲ့ Social Selling Strategy ကို လွဲချော်သွားစေနိုင်တဲ့ အချက်တွေကိုလည်း သတိထားပြီး မပြုလုပ်မိအောင် သုံးသပ်ဆင်ခြင်နိုင်သွားမယ်လို့ မျှော်လင့်မိပါတယ်။

Recent posts