
Stayhome ကာလမှာ မိတ်ဆွေတို့ အတွက် Entertain ဖြစ်စေမယ့် အကြောင်းအရာ တစ်ခုကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်…
ဒါကတော့ လူငယ်တော်တော်များများနဲ့ ရင်းနီးပြီးသား Social App တစ်ခုဖြစ်တဲ့ Instagram မှာ Video တွေ Download လုပ်သွားနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီခေတ်ထဲမှာ လူတိုင်းနီးပါး Video Download လုပ်တတ်ကြပေမယ့် Instagram မှာတင်ထားတဲ့ Image တွေ Video တွေကိုတော့ လွယ်လွယ်ကူကူနဲ့ Download ပြုလုပ်လို့ မရဘူး။ ဒါကြောင့် ဒီအချက်ကို မိတ်ဆွေတို့ သေချာသိရှိပြီး Download ပြုလုပ်သွားမယ်လို့ မျှော်လင့်မိပါတယ်။ ကဲ… ဒီတော့ ဘယ်လိုတွေ လုပ်ရမယ်ဆိုတာကိုတော့အောက်မှာ ဆက်ပြီးဖတ်ရှုပေးသွားပါအုံး။
ဒီအချက်ကတော့ Android Smartphone တွေနဲ့ Download ပြုလုပ်မယ့် နည်းလမ်းပဲ ဖြစ်ပါတယ်။ ပထမဆုံး အဆင့်အနေနဲ့ ပြုလုပ်ရမှာကတော့ InstaSaver ဆိုတဲ့ App လေးကို Download ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ နောက်အဆင့်မှာကတော့ သင် Download လုပ်ချင်တဲ့ Instagram ပေါ်က Video ဆီကိုသွားပါ။ Video Link ရယူဖို့အတွက် Instagram Post ရဲ့ ညာဘက်အပေါ်ဒေါင့်မှာ ရှိတဲ့ အစက်လေးသုံးစက်ကို နှိပ်ပြီး Copy Link လုပ်နိုင်ပါပြီ။ Copy လုပ်လာထားတဲ့ Link ကို InstaSaver App ထဲဝင်ပြီး Insta Post Downloader ဆိုတာကို ရွေးပြီး Paste လုပ်ကာ Show The Content ကိုနှိပ်ပေးပါ။ ဒီအဆင့်တွေလုပ်ပြီးရင်တော့ သင် Download လုပ်ချင်တဲ့ Video ကိုမြင်ရမှာဖြစ်ပြီး Save Video ကိုနှိပ်လိုက်မယ်ဆိုရင်တော့ Download ပြုလုပ်ပါပြီ။ သင့် Download လုပ်ထားတဲ့ Video တွေကိုတော့ InstaSaver App ထဲမှာ အချိန်မရွေး ကြည့်ရှုနိုင်ပါပြီ။
နောက်တစ်ချက်ကတော့ Instagram က Video တွေကို PC ကနေ Download လုပ်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းကလည်း အပေါ်က ဖော်ပြထားတဲ့ Android Smartphone တွေနဲ့ ပြုလုပ်တဲ့ နည်းလမ်းလိုပဲ လွယ်ကူပါတယ်။ ဒီနည်းလမ်းမှာကတော့ ဘာ Software မှ ရှိနေစရာမလိုပါဘူး။ ဒါကဘယ်လိုလုပ်ရမလဲဆိုရင်တော့… သင် Download လုပ်ချင်တဲ့ Instagram ပေါ်က Video Link ကို Copy လုပ်ပြီး DreDown ဆိုတဲ့ Website ထဲကိုသွားပါ။ Website ထဲကို ရောက်သွားရင်တော့ သူ့ Site မှာ Download ဆွဲနိုင်မယ့် Platform တွေကို တွေ့ရပါမှာ ဖြစ်ပြီး သင်ကတော့ Instagram ကိုရွေးပေးလိုက်ပါ။
သင် Copy လုပ်လာတဲ့ Link ကို Paste လုပ်ပေးလိုက်ပါ။ သင့်ကို MP4 Download Link ပြန်ပြီး Provide လုပ်ပေးပါတယ်။ အဲ့ဒီ MP4 Download Link ကတော့ သင် Download လုပ်ချင်တဲ့ Instagram Video ဖြစ်ပြီးတော့ Download လုပ်လိုက်ရင် ရပါပြီ။ ဒီ Website မှာက Instagram က Video တွေ Download လုပ်နိုင်တဲ့အပြင် အခြား Facebook, Twitter, YouTube, Twitch နဲ့ အခြား Platform တော်တော်များများက Video တွေကိုလည်း Download ပြုလုပ်နိုင်ပါသေးတယ်။
ကဲဒီတော့ Instagram ပေါ်က Video တွေကို Download ပြုလုပ်ပြီး ကြည့်ချင်တဲ့သူတွေအတွက် အခုဖော်ပြပေးခဲ့တဲ့ နည်းလမ်းတွေက အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ အခြား Device တွေနဲ့ နောက်ထပ်နည်းလမ်းတွေ တွေ့ရှိခဲ့ရင်လည်း ထပ်မံ ဖော်ပြပေးသွားပါအုံးမယ်။