logo
myanmar
အောင်မြင်တဲ့ Social Media Marketing ဖြစ်လာစေမယ့် အချက်များ

အောင်မြင်တဲ့ Social Media Marketing ဖြစ်လာစေမယ့် အချက်များ

21 Jan 2019

ယခုလို ခေတ်မှီဖွံ့ဖြိုးတိုးတက်လာတဲ့ နည်းပညာခေတ်ကြီးထဲမှာ စီးပွားရေးလုပ်ငန်းတွေကို နည်းလမ်းမျိုးစုံနဲ့
အပြိုင်အဆိုင် လုပ်ငန်းကိုင်နေကျပါပြီ။ SEO, SEM, PPC အစရှိတဲ့ Digital Marketing နည်းပညာတွေကို အသုံးပြုပြီး လုပ်ကိုင်နေကျသလို Facebook, Instagram, Twitter အစရှိတဲ့ Social Media Marketing တွေကို အသုံးပြုပြီး လုပ်ကိုင်နေကျပါပြီ။ ယခုတစ်ခေါက် ဖော်ပြပေးသွားမဲ့ အကြောင်းအရာကတော့ အောင်မြင်တဲ့ Social Media Marketing တစ်ခုဖြစ်လာစေမဲ့ အချက်တွေကို ဖော်ပြပေးမှာပဲ ဖြစ်ပါတယ်…

၁. ပထမဆုံး တစ်ချက်အနေနဲ့ စတင်ရမှာကတော့ သင့်ရဲ့ Targeted Audience တွေကို Research ပြုလုပ်ရပါ မယ်။ Research သေချာပြုလုပ်ပြီးသွားရင်တော့ ဘယ်အကြောင်းအရာက Audience နှစ်သက်မလဲ? ဘယ်လို Topic မျိုးကို စိတ်ဝင်စားလဲ? ဆိုတာကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

၂. နောက်တစ်ချက် အနေနဲ့ကတော့ သင့်လုပ်ငန်းနဲ့ Audience တွေအတွက် အကျိုးရှိတဲ့ Network နဲ့
Platform ကို သေချာရွေးချယ်ပေးဖို့ လိုအပ်ပါတယ်။

၃. သင့်လုပ်ငန်းရဲ့ ရလဒ်တွေကို သိရှိချင်တယ်ဆိုရင်တော့ KPI ထားဖို့လိုအပ်ပါတယ်။ KPI (Key Performance Indicator) ကတော့ မိမိလုပ်ငန်းမှာရရှိ ထားတဲ့ ရလဒ်တွေကို ပြန်လည်ဆန်းစစ်နိုင်
မှာဖြစ်တဲ့ အတွက် လုပ်ငန်းတိုးတက်လာမှုရှိမရှိကိုစစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။

၄.Social Media ပေါ်မှာသင့်လုပ်ငန်းအတွက် Social Media Post တွေတင်ဖို့ အတွက် Content တွေဖန်တီးပေးဖို့ လိုအပ်ပါတယ်။ Content တွေဖန်တီးရာမှာ လွယ်ကူစေရန်အတွက် Topic တွေ Headline
တွေနဲ့ သက်ဆိုင်ရာ Link တွေကို ပြင်ဆင်ထားဖို့ရန်လိုအပ်ပါတယ်။

၅.နောက်တစ်ချက်အနေနဲ့ Customer တွေဆီက Question & Answer တွေကို ဖြေကြားပေးနိုင်မယ့် ဝန်ထမ်းတစ်ယောက်လောက်ခန့်ထားဖို့ လည်းလိုအပ်ပါတယ်။ Question & Answer တွေကို Ignore
လုပ်ထားမယ်ဆိုရင်တော့ သင့်လုပ်ငန်း အတွက် ထိခိုက်နစ်နာမှုတွေဖြစ်လာနိုင်ပါတယ်။

လက်ရှိ ဖော်ပြပေးခဲ့တဲ့ အချက်တွေကတော့ Social Media Marketing နဲ့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ သူတွေအနေနဲ့ သိရှိထားသင့်တဲ့ Tip တွေဆိုရင်လည်း မမှားပါဘူး။

Ref - socialmediatoday

Recent posts