18 Feb 2020
SEO ဆိုတာကတော့ အရင်တုန်းက ဖော်ပြထားဖူးပါတယ်။ သိပြီးသား မိတ်ဆွေတွေရှိသလို မသိသေးတဲ့ မိတ်ဆွေတွေလည်း ရှိအုံးမှာဖြစ်တဲ့အတွက် SEO ကို အနည်းငယ်ရှင်းပြပေးပါမယ်။ SEO ရဲ့အရှည်ကောက်က Search Engine Optimization လို့ခေါ်တဲ့ Internet Marketing နည်းပညာ တစ်ခုဖြစ်ပါတယ်။ ဘယ်လို အကျိုးသက်ရောက်မှုရှိလဲဆိုရင်တော့ ကိုယ့်ရဲ့ Website ကို သက်ဆိုင်ရာ Keyword နဲ့ရှာလိုက်တာနဲ့ Search Engine ရဲ့ ထိပ်ဆုံးစာမျက်တွေပေါ်မှာ ရောက်နေစေခြင်းပဲ ဖြစ်ပါတယ်။ ဒီ SEO နည်းပညာကို ပိုပြီး သက်ရောက်အောင် ပြုလုပ်နိုင်ဖို့အတွက်ကတော့ ကိုယ့်ရဲ့ Website သက်ဆိုင်မယ့် Keyword တွေရှိဖို့လိုအပ်ပါတယ်။ ဒီလို Keyword Research ကောင်းကောင်းလုပ်နိုင်ဖို့အတွက် ၂၀၂၀ မှာအကောင်းဆုံးဖြစ်နေတဲ့ Keyword Research Tool တွေကို ဝေမျှပေးပါမယ်…
အကောင်းဆုံး Keyword Research Tool တစ်ခုထဲမှာပါဝင်ပါတယ်။ SEO Expert တော်တော်များများ ကြားထဲမှာလည်း Popular ဖြစ်တဲ့ Tool တစ်ခုလည်း ဖြစ်ပါတယ်။ သင် Research လုပ်ချင်တဲ့ Keyword တွေကိုလည်း Organic နဲ့ Paid ဆိုပြီး ထပ်မံရွေးချယ်နိုင်ပါတယ်။ သင်ဟာ Keyword Research လုပ်ဖို့ အခက်အခဲ တွေ့နေတဲ့သူတစ်ယောက်ဆိုရင် ဒီ Tool ကိုစမ်းသပ်အသုံးပြုကြည့်နိုင်ပါတယ်။
နောက်ထပ် Keyword Research လုပ်ဖို့ကောင်းတဲ့ Tool တစ်ခုဖြစ်ပါတယ်။ ဒီ Tool ကိုအသုံးပြုပြီး သင်လိုအပ်နေတဲ့ Keyword တွေကို ကောင်းကောင်း Research လုပ်နိုင်ပါတယ်။ ဒီ Tool ကိုအသုံးပြုမယ်ဆိုရင် Keyword Research အပြင် Competitor Analysis လုပ်ခြင်းတွေ၊ Keyword Idea အသစ်တွေက ရရှိနိုင်ပါတယ်။
ဒီ Monterinsights ဆိုတဲ့ Tool ကလည်း SEO မှာအရေးပါတဲ့ လုပ်ဆောင်ချက်တော်တော်များများကို လုပ်ဆောင်နိုင်တဲ့ Tool တစ်ခုဖြစ်ပါတယ်။ Website မှာ Organic Traffic ကောင်းနိုင်မယ့် Top-performing Keyword တွေကို Research ကောင်းကောင်းလုပ်နိုင်မယ့်
Tool တစ်ခုလည်း ဖြစ်ပါတယ်။ Keyword တစ်ခုချင်းစီရဲ့ Click, CTR, Impression တွေရဲ့ ပျှမ်းမျှ Result တွေကိုလည်း ကြည့်နိုင်ပါတယ်။
ဒီ Tool ကတော့ Google က Develop လုပ်ပေးထားတဲ့ Free Keyword Research Tool တစ်ခုပဲ ဖြစ်ပါတယ်။ ဒီ Tool ကိုအသုံးပြုပြီး သင့်ရဲ့
Campaign အတွက် Keyword List လုပ်ထားနိုင်ပါတယ်။ Keyword Research တွေ၊ Keyword Analysis တွေနဲ့ SEO အတွက် လိုအပ်တဲ့အရာတွေကိုလည်း ပြုလုပ်နိုင်တဲ့ Tool တစ်ခုဖြစ်ပါတယ်။
ဖော်ပြခဲ့တဲ့ Tool တွေက SEO အတွက် အထောက်အကူ ကောင်းကောင်းပေးနိုင်မယ့် Tool တွေပဲဖြစ်ပါတယ်။ Website တစ်ခု Search Engine ရဲ့ထိပ်ဆုံးမှာ ရပ်တည်နေနိုင်ဖို့ဆိုရင် SEO ကိုအသုံးပြုဖို့ လိုအပ်ပါတယ်။ ဒါကြောင့် SEO အတွက်ပိုကောင်းလာစေဖို့အတွက် ဖော်ပြခဲ့တဲ့ Tool တွေကိုစမ်းသပ်အသုံးပြုကြည့်ဖို့ အကြံပြုပါတယ်။