Business တစ်ခုကို အကောင်အထည်ဖော်တော့မယ်ဆိုရင် လုပ်သင့်လုပ်ထိုက်တဲ့ Marketing Process တွေအများကြီး ရှိပါတယ်။ ဒီလိုလုပ်စရာတွေ အများကြီးထဲမှာမှ Business အတွက် အလွန်ကို အသုံးဝင်စေတဲ့ SWOT Analysis အကြောင်းကို Sharing လုပ်ပေးသွားချင်ပါတယ်…

 

ဒီတော့ SWOT Analysis ဆိုတာကို အရင်ဆုံး ဖော်ပြသွားပေးပါမယ်။ SWOT Analysis ဆိုတာကတော့…

 

-Strength

 

-Weakness

 

-Opportunities

 

-Threats

 

တို့ပဲဖြစ်ပါတယ်။

 

Strength

 

ဒါကတော့ လူကြီးမင်းတို့ရဲ့ Business က ဘာတွေလုပ်ပေးနိုင်လဲ၊ ဘာအားသာချက်တွေရှိလဲဆိုတာကို သိရှိထားဖို့ လိုအပ်တာပဲ ဖြစ်ပါတယ်။ ဒီအားသာချက်တွေပေါ်မူတည်ပြီး ပြင်ဆင်သင့်တဲ့ အရာတွေကို ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

 

Weakness

 

ဒါကတော့ Business မှာ အားနည်းနေတဲ့ အပိုင်းတွေပဲဖြစ်ပါတယ်။ ဒီအားနည်းချက်တွေပေါ်မှာ သုံးသပ်ပြီး Customer တွေအပေါ်မှာ မလိုအပ်တဲ့ Over Commitment တွေမလုပ်မိစေဖို့ အထူးသတိထားရမယ့် အချက်ပဲ ဖြစ်ပါတယ်။ 

 

Opportunities

 

ဒါကတော့ Global မှာပဲဖြစ်ဖြစ် Local မှာပဲဖြစ်ဖြစ် ဘယ် Trend တွေ Event တွေက ကိုယ့် Business အတွက် အကျိုးသက်ရောက်မှုကောင်းတွေ ဖြစ်စေလဲဆိုတာကို သုံးသပ်ပြီး လုပ်ဆောင်သွားဖို့ပဲ ဖြစ်ပါတယ်။ Technology ပြောင်းလဲမှုတွေကို စောင့်ကြည့်ပြီး Advantage ကောင်းကောင်းရ အောင်လုပ်ဆောင်နိုင်ဖို့လဲ လိုပါတယ်။

 

Threats

 

ဒါကတော့ ပတ်ဝန်းကျင်မှာ ထင်မထားတဲ့ အဖြစ်အပျက်တွေ ဥပမာ- သဘာဝဘေး၊ နိုင်ငံရေးအခြေနေ၊ Technology အပြောင်းအလဲတွေ အစရှိတာတွေကို ထည့်သွင်း စဥ်းစားထားဖို့ လိုအပ်ပါတယ်။ 

 

ဒီအချက်တွေကတော့ Business တစ်ခုအတွက် အလွန်အရေးပါတဲ့ SWOT Analysis ပဲ ဖြစ်ပါတယ်။

 

Leave a Reply

social sharing buttons