Google Ads အတွက် အသုံးဝင်မယ့် System တစ်ခုဖြစ်တဲ့ Target Impression Share ကိုဖော်ပြပေးချင်ပါတယ်။ ကြီးမားတဲ့ Search Engine တစ်ခုဖြစ်တဲ့ Google ရဲ့ Smart ဖြစ်တယ်လို့ ပြောလို့ရတဲ့ Ads System ဖြစ်ပြီးဒီ Target Impression Share လေးကတော့ သင့်ရဲ့ Ad ကို ဘယ်နေရာမှာ ပြသမယ်ဆိုတာကို Automatic ချိန်ညှိပေးပါလိမ့်မယ်။ ဒီ Target Impression Share ကိုအသုံးပြုနေတယ့် Advertiser တွေကသူတို့ရဲ့ Ad တွေကို ဘယ်နေရာမှာမြင်တွေ့ရမယ်ဆိုတာကိုပါ ချိန်ညှိနိုင်ပါတယ်။ Ad တွေကိုတော့ အောက်ပါနေရာတွေမှာ ပြသနိုင်ပါတယ်။

-Google ရဲ့ ထိပ်ဆုံးသော Page နေရာ

-Google Page နေရာတိုင်းရဲ့ထိပ်ဆုံးနေရာ

-Google Search Result Page တွေရဲ့ နေရာတွေ

တချို့ Advertiser တွေဟာ သူတို့ရဲ့  Ad Target ပြည့်မှီနိုင်ဖို့အတွက် ဆိုရင် ဒီ Target Impression Share ကို အသုံးပြုတတ်ကျပါတယ်။ Google ရဲ့ ပြောကြားချက်အရ ဒီ Target Impression Share က Local Search တွေမှာ Ad တွေကိုပိုမိုပြီး ပြသဖို့ သေချာတယ်လို့လည်း ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။ နောက်ထပ် အကြံပြုချင်တဲ့ အချက်တချက်ကတော့ ဒီ Target Impression Share ကို Single Campaign တွေ Ad Run ချင်တဲ့ အခါမျိုးတွေမှာ အသုံးပြုရင်လည်း ရလဒ်ကောင်းတွေရရှိလာနိုင်ပါတယ်။ Local မှာပဲ Ad Run ချင်တဲ့ Advertiser တွေအတွက် ဒီ Target Impression Share လေးက သင့်တော်မယ့် Strategy System တစ်ခုပဲဖြစ်ပါတယ်။

Ref-searchenginejournal

Leave a Reply

social sharing buttons