logo
myanmar
Desktop အတွက် Stories Layout အသစ်တစ်ခု စမ်းသပ်နေတဲ့ IG

Desktop အတွက် Stories Layout အသစ်တစ်ခု စမ်းသပ်နေတဲ့ IG

07 Jan 2021

Instagram ဟာလူငယ်လူလတ်တွေကြားမှာ အသုံးပြုမှုများတဲ့ နာမည်ကြီး Social Media Platform တစ်ခု ဖြစ်ပါတယ်။ ခေတ်ဆန်တဲ့ User Interface နဲ့ Visual Brand အများစုရဲ့ Business Run တဲ့နေရာတစ်နေရာလို့လည်း ပြောလို့ရပါသေးတယ်။ Stories, Camera Effect, Filter တွေကလည်း တခြား Social Media Platform တွေထက်ပိုပြီး Attractive ဖြစ်တဲ့အတွက်ကြောင့် လူငယ် User တွေက ဒီ Instagram ကိုအသုံးပြုနေကြတာလို့လည်း ယူဆလို့ ရပါသေးတယ်။


Mobile တွေမှာက Instagram ရဲ့ Feature တွေဖြစ်တဲ့ Stories တို့ကို အဆင်ပြေပြေ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် Desktop နဲ့သုံးတဲ့ User တွေအတွက်တော့ Instagram Stories သုံးရတာ နည်းနည်းခက်ခဲတယ်လို့ ထင်ရပါတယ်။ ဒါကြောင့် Instagram ကအခုချိန်မှာ Desktop အတွက် Stories Layout အသစ်တစ်ခုကို စမ်းသပ်နေတာကို သိရပါတယ်။ ဒီ Layout အသစ်ကတော့ User တွေအတွက် များစွာသော Stories တွေကို အရင်ကထက် ပိုပြီး အသုံးပြုရတာ လွယ်ကူစေပြီး Screen ကြီးကြီးပေါ်မှာ Scroll လုပ်ရတာ ပိုပြီး အဆင်ပြေစေလာမယ့် ပုံစံမျိုးဖြစ်ပါတယ်။ နမူနာ ပုံစံကို အောက်က ပုံမှာ ကြည့်ရှု လေ့လာနိုင်ပါတယ်…



Recent posts