အခုလိုမျိုး သွားရလာရခက်ခဲတဲ့ မိုးရာသီမှာ မိတ်ဆွေတို့အတွက် အကောင်းဆုံး အထောက်အကူပြုပေးနိုင်မယ့် အကောင်းဆုံး Android Weather Widget တွေကို ဖော်ပြပေးချင်ပါတယ်…

1Weather
ဒီ Widget က Google Play Store မှာ Free Download ရယူနိုင်ပြီး ဒီ Widget ကိုယုံယုံကြည်ကြည်နဲ့ အသုံးပြုသူ Million နဲ့ချီပြီးရှိတဲ့ Widget တစ်ခုဖြစ်ပါတယ်။ မိုးလေဝါသ သတင်းတွေကို အကောင်းဆုံး ခန့်မှန်းပေးနိုင်တဲ့ အချက်က ဒီ Widget ရဲ့ အားသာချက်လို့ ပြောနိုင်ပါတယ်။ မိတ်ဆွေတို့လည်း ဘယ်အချိန်မိုးရွာမလဲ၊ ဘယ်လောက်ရွာနိုင်လဲဆိုတာတွေကို သတိထားနိုင်မှာဆိုတော့ ဒီရာသီဥတုနဲ့လည်း အဆင်ပြေစေပါတယ်။ User ကိုယ်တိုင် Customization လုပ်နိုင်မယ့် UI နဲ့ဆိုတော့ User စိတ်ကြိုက်ပြင်ဆင်နိုင်မယ့် Widget တစ်ခုဆိုရင်လည်း မမှားပါဘူး။

Weather Live
Weather Live ကတော့ နောက်ထပ် Top Rating နဲ့ရပ်တည်နေတဲ့ Weather Widget တစ်ခုဖြစ်ပါတယ်။ 1Weather Widget လိုပဲ User 1 Million နဲ့အောင်မြင်နေတဲ့ Weather Widget တစ်ခုလည်းဖြစ်ပါတယ်။ လက်ရှိဖြစ်နေတဲ့ မိုးလေဝါသနဲ့ မိုးလေဝါသ ခန့်မှန်းချက်တွေကို On Screen မှာဖော်ပြပေးမှာ ဖြစ်တဲ့အတွက် တကူးတက လိုက်ရှာမလိုတော့မယ့် Weather Widget တစ်ခုလည်း ဖြစ်ပါတယ်။

AccuWeather
ဒီ Widget ကတော့ 2019 Top Rating Weather Widget စာရင်းဝင်ခဲ့တဲ့ Widget တစ်ခုဖြစ်ပါတယ်။ AccuWeather က User တွေကို Weather နဲ့ ပတ်သတ်ပြီး Option လေးခုအသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ နောက်ထပ်အသုံးဝင်တဲ့ အချက်တွေကတော့ မိုးလေဝါသခန့်မှန်းနိုင်ရုံတင်မကပဲ Temperature, Date and Time, Theme အစရှိတဲ့ Feature တွေကိုပါ အသုံးပြုနိုင်သေးတဲ့ Widget တစ်ခုလည်း ဖြစ်ပါတယ်။

ယခုဖော်ပြပေးခဲ့တဲ့ Android Weather Widget တွေကတော့ အကောင်းဆုံးစာရင်းဝင်ထားတဲ့ Widget တွေဖြစ်ပါတယ်။ အခုလို မိုးကြီးလေကြီးကာလမှာ ဒီ Widget တွေကမိတ်ဆွေအတွက် အထောက်ကူကောင်းကောင်းပြုပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

Leave a Reply

social sharing buttons