24 Mar 2019
ယခုတစ်ခေါက် Super Sunday မှာ ဖော်ပြပေးသွားမှာကတော့ Video Content တွေဟာ Digital Marketing နယ်ပယ်မှာ ဘယ်လောက် အရေးပါလဲဆိုကို ဖော်ပြပေသွားမှာဖြစ်ပါတယ်...Video Content ဟာ Facebook, Twitter, Linkedin စတဲ့ Platform တွေကိုအသုံးပြုတဲ့ User များရဲ့Share ခြင်းကိုအခြားသော Post များထက်အဆ ၂၀ သာလွန်အောင်ဆာင်ရွက်နိုင်ကြောင်းတွေ့ရတယ်လို့ ဖော်ပြထားပါတယ် ။ ဒါပေမဲ့ ထည့်သွင်းစဉ်းစားသင့်တဲ့အခြားအချက်ကတော့ ဘယ်လို Content Video အမျိုးအစားကဘယ်လိုအကောင်းဆုံးအချက်ကိုလုပ်ဆောင်နိုင်လဲဆိုတာပါ ။ဒါကြောင့် ယခုလက်ရှိ Trend ဖြစ်နေတဲ့ Top Video Content တွေကို စုစည်းထားပြီး ဘယ်လိုမျိုး Video Content တွေကကဘယ်လိုအကြောင်းအရာတွေကို ဦးဆောင်နေလဲ ဖော်ပြထားပါတယ်ခင်ဗျာ။
လေ့လာနိုင်တဲ့ Video Trend တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်...
(1) Live Streaming Video
Facebook, Instagram နဲ့အခြားသော Social Media Channel တွေမှာ Live Streaming ပြုလုပ်ခြင်းဟာပိုမိုရေပန်းစားလာတာကိုတွေ့ရမှာပါ။လေ့လာမှုတွေ အရ Live Streaming ပြုလုပ်ခြင်းက Audience Engagement ပိုရပြီး၊ Viewer တွေကိုလဲကြိုတင်ရိုက်ပြီးသား Video တင်ခြင်းထက်၊ Live streaming ပြုလုပ်ခြင်းက ပိုပြီးကြာကြာထိန်းထားနိုင်ပါတယ်။
(2)Shoppable Video Content
Shoppable Video Content ကတော့ ထိရောက်မှုမြင့်ပြီး Brand တွေကို User တွေကိုယ်တိုင် Instagram နဲ့ Snap Video Ads တွေမှာကြည့်ရှုပြီး ဝယ်သင့်မဝယ်သင့် ကို လက်တွေ့ကျကျ စဉ်းစားနိုင်အောင် ဖော်ပြပေးတဲ့ နည်းလမ်းတစ်ခုဖြစ်တဲ့အတွက် ရေပန်းစားလာပါတယ် ။
(3) 360 Degree Content
မကြာသေးခင်ကမှခေတ်စားလာတဲ့ 360 Degree Content ဟာလဲ Viewer တွေရဲ့အမြင်ကို သုံးဖက်မြင်ရှုထောင့်အနေနဲ့ပိုမိုမြင်တွေ့ရတဲ့အတွက် ကောင်းမွန်တဲ့တုန့်ပြန်မှုတွေကိုရရှိစေပါတယ်။ 360 Content ကို 60% သောသူတွေကတော့ အားကစား နဲ့ ခရီးသွားလာမှုအကြောင်းတွေကိုမြင်ချင်ကြပြီး 55% သောသူတွေကတော့ ဖျော်ဖြေရေးအတွက် 31% ကတော့ သတင်းနဲ့ Documentary အတွက် နှင့် 30% ကတော့ TV Shows တွေအတွက်မြင်လိုကျပါတယ်။
(4) Virtual Reality
Virtual Reality နဲ့သက်ဆိုင်တဲ့ Video တွေ ဘယ်လိုလဲဆိုတော့ Viewer တွေဟာသူတို့ကိုယ်တိုင် Video ထဲမှာကိုယ်တိုင်ပါဝင်နေသလိုခံစားစေရတဲ့ နည်းပညာနဲ့ဖန်တီးထားတဲ့ Video တွေဖြစ်ပါတယ် ။ VR ဟာဂိမ်းနယ်ပယ်မှာတင်မကပဲ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ဈေးကွက်ထိုးဖောက်ခြင်း၊ Social Media နဲ့အခြားသောအရာများအတွက် ထိရောက်တဲ့ Marketing နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။
(5)Shooting Video With Smartphones
ယခုအချိန်မှာစွမ်းဆောင်မှုမြင့်မားတဲ့ Smartphone တွေထွက်ပေါ်လာတာနဲ့အညီ ဖုန်းဖြင့်ရိုက်ကူးထားတဲ့ Video တွေကိုပေးပို့ခြင်းဟာလဲ ခေတ်စားလာပါတယ်။ ဈေးကွက်ရှာဖွေသူတွေအနေနဲ့ ကိုယ်တိုင်ရိုက်ကူးထားတဲ့ Video ပေးပို့ခြင်းဖြင့် ဖုန်းခေါ်ဆိုခြင်း Email ကတစ်ဆင့်ပေးပို့ခြင်းတို့ထက် Customer တွေနဲ့ပိုပီးနွေးထွေးတဲ့ ဆက်နွယ်မှုကိုရရှိစေနိုင်ပါတယ်။
(6)Blogs (Vlogs)
Vlogging လို့ခေါ်တဲ့ Video Blogging ဟာလဲ Content Marketing အတွက်အဓိကအရေးပါတဲ့ Trend တစ်ခုပဲဖြစ်ပါတယ် ။ Travel Blogger, Food Blogger, Beauty Blogger စသည်ဖြင့်နယ်ပယ်အမျိုးစုံအလိုက် Blogger တွေခေတ်စားလာပါတယ်။ အားသာချက်ကတော့ ကိုယ်တိုင် Viewer တွေနဲ့ထိတွေ့ခွင့်ရပါတယ်။ကိုယ့်ရဲ့စစ်မှန်မှုကိုဖော်ပြလို့ရတဲ့အတွက် Viewer တွေရဲ့ယုံကြည်မှုကိုတည်ဆောက်နိုင်ပါတယ်။ Vlog တွေကနေတစ်ဆင့် Sponsor တွေနဲ့ပူးပေါင်းပြီး Product တွေကို Advertise လုပ်ခြင်း Product Placement ဖော်ပြခြင်းတွေကိုလုပ်ဆောင်နိုင်တဲ့အတွက် အရေးပါတဲ့ Trend တစ်ခုဖြစ်လာပါတယ်။
အခုဖော်ပြထားတဲ့ အချက်တွေကနေလေ့လာခြင်းအားဖြင့် သင့်ရဲ့ Strategy အတွက် ပိုမိုကောင်းမွန်တဲ့ Video Content တွေဖန်တီးရန်အတွေး အခေါ်သစ်အမြင်သစ်နည်းလမ်း သစ်တွေရရှိဖို့မျော်လင့်ပါတယ်ခ င်ဗျာ။
Ref-socialmediatoday