07 Mar 2019
December 2018 တုန်းက Google Plus ကို ဖျက်သိမ်းတော့မယ့် အကြောင်းကို ကြေညာခဲ့ပါတယ်။ 4th February မှာတော့ Google Plus Account, Page, Communities ပြုလုပ်ခွင့်တွေကိုပိတ်ခဲ့ပါတယ်။ ဒီ Google Plus က 2nd April 2019 မှာအပြီး ဖျက်သိမ်းသွားမှာ ဖြစ်ပါတယ်။ ဖျက်သိမ်းရတဲ့ အကြောင်းရင်း
ကတော့ Google Plus ကို အသုံးပြုမှုနည်းခြင်းနဲ့ Engagement ရရှိမှုဟာ အလွန်နည်းပါခဲ့ခြင်း ကြောင့်ဖြစ်ပါတယ်။ ကောက်နုတ်ချက်တွေ အရလည်း ၉၀%သော Google Plus User တွေရဲ့ Google Plus Session အသုံးပြုမှုဟာဆိုရင်လည်း ၅ စက္ကန့်နဲ့ ၅ စက္ကန့် အောက်သာရှိခဲ့တယ်လို့လည်း သိရပါတယ်။
တစ်ချက် သတိပေးချင်တာကတော့ Google Plus မှာ လုပ်ငန်းလုပ်ကိုင်နေတဲ့ Company တွေ၊ လုပ်ငန်းတွေ မှာ အရေးကြီးတဲ့ Data တွေ Photo တွေရှိခဲ့မယ် ဆိုရင် Back Up ပြုလုပ်ဖို့လိုအပ်ပါတယ်။ ယခုလို သတိပေးရခြင်းမှာလည်း Google Plus Account, Google Plus Page နဲ့ Google Plus မှာရှိနေတဲ့ Album Archive တွေနဲ့ Content တွေအားလုံးကိုဖြတ်သိမ်းမှာ ဖြစ်တဲ့ အတွက်ကြောင့် မိမိတို့ရဲ့ အရေးကြီး အချက်အလက်တွေ မဆုံးရှုံးစေလိုတဲ့ ရည်ရွယ်ချက်ကြောင့်ဖြစ်ပါတယ်။ အခြား Google Drive နဲ့ Google Photos တို့မှာရှိတဲ့ Data တွေ Photo တွေတော့ ထိခိုက်စရာမရှိဘူးလို့လည်း ကြေညာထားတဲ့ အတွက် ဒီအပိုင်းကတော့ စိုးရိမ်စရာ မရှိပါဘူး။
2nd April မှာ Google Plus ဟာ အပြီးအပိုင်း ဖြတ်သိမ်းတော့မှာ ဖြစ်တဲ့အတွက် မိတ်ဆွေတို့ရဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို မဆုံးရှုံးစေဖို့အတွက် Backup ပြုလုပ်ထားဖို့ပါပဲ။
Ref - google,theverge