28 Jan 2021
လက်ရှိအချိန်ကာလမှာ စီးပွားရေးလုပ်ငန်းတော်တော်များများက Product Branding လုပ်တော့မယ်ဆိုရင် Business Page တွေထောင်ပြီး ပြုလုပ်တတ်ကြပါတယ်။ Business Page က ထိရောက်တာမြန်တယ် ဆိုပေမယ့် ဆောင်ရန်ရှောင်ရန် အခြေခံအချက်တွေကိုလည်း သတိထားသင့်ပါတယ်။
Facebook Business Page တွေအတွက်ဆောင်ရန် အချက်တွေကတော့…
-တင်တဲ့ Post တွေက Quality ကောင်းပြီး စိတ်ဝင်စားစရာကောင်းတဲ့ Post ဖြစ်ဖို့လိုအပ်ပါတယ်။ တင်တဲ့ Post က သင့်ရဲ့ Follower တွေနဲ့ ကိုက်ညီဖို့လည်း လိုအပ်ပါတယ်( သင့်လုပ်ငန်းနဲ့ ပတ်သတ်တဲ့ Post တွေကိုဆိုလိုတာပါ)
-Sharing Post တွေကလည်း Trusted Source(ယုံကြည်စိတ်ချရတဲ့သတင်းအရင်းအမြစ်)က ဖြစ်ဖို့လိုအပ်ပါတယ်။
-Post တွေကိုလည်း Audience များမယ့် Strategies Time ကိုရွေးချယ်ဖို့ လိုအပ်ပါတယ်
-Follower တိုးလာဖို့ အတွက် Promotion ပြုလုပ်ရင် Target ကိုမှန်ကန်စွာ ရွေးချယ်ပေးပါ
-Interaction ဖြစ်စေဖို့ အတွက် Hashtag ကိုလိုအပ်တဲ့ နေရာမှာသုံးပါ
-Website Traffic ရဖို့အတွက် Link ပါတွဲတင်ပေးပါ (Website ရှိတဲ့ လုပ်ငန်းတွေကိုဆိုလိုပါတယ်)
-Audience နဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေကို မေးပေးခြင်းက Engagement ရရှိတဲ့ အတွက်တခါတလေ မှာမေးခွန်းတွေ မေးပေးပါ
-Audience ကပေးတဲ့ Comment, Reaction ကို Response ပြန်လုပ်ပေးပါ( Reply မပြန်ရင်တောင် Reach တစ်ခုခုပြန်ပေးပါ)
နောက်ထပ် ရှောင်ရန် အချက်တွေကတော့…
-Audience ကို Like, Follow လုပ်ခိုင်းခြင်းကို ရှောင်ကြဉ်ပါ
-Hashtag အလွန်အကျွံ သုံးခြင်းကို ရှောင်ကြဉ်ပါ
-Image တွေမှာ မလိုအပ်ပဲ Tag မလုပ်ပါနဲ့ (လူပုဂ္ဂိုလ်ပုံမပါပဲ Tag လုပ်ခြင်း ဥပမာ- Influencer )
-Post တွေကို အဆက်မပြတ် Promotion လုပ်ခြင်းကို ရှောင်ပါ
-Quality နိမ့်တဲ့ Post (သို့) Meme တွေတင်ခြင်းကို ရှောင်ပါ။Professional မဆန်တဲ့ Content တွေတင်ခြင်းဟာ Brand ရဲ့ Image ကိုကျဆင်းစေပါတယ်။
-Promotion Post တွေမှာ စာလုံးအရေအတွက် ၂၀% ကျော်တဲ့ပုံတွေကို အသုံးပြုခြင်းကို
ရှောင်ကြဉ်ပါ
-Post တွေကို Audience အများဆုံးရှိချိန်နဲ့ Weekend တွေကို မတင်ပဲလျစ်လျူရှုဂရုမစိုက်ခြင်းလုပ်တာမျိုးကိုရှောင်ကြဉ်ပါ
-Audience Engagement ကိုဂရုမစိုက်ပဲ Product Selling တစ်ခုထဲကို ကြည့်ခြင်းရှောင်ကြဉ်ပါ
အထက်ပါ အချက်တွေကတော့ Facebook Business Page တွေ Run မယ်ဆိုရင် သတိထား သင့်တဲ့ဆောင်ရန် ရှောင်ရန်အချက်တွေပဲ ဖြစ်ပါတယ်။