logo
myanmar
Infographic တွေရဲ့အရေးပါပုံ

Infographic တွေရဲ့အရေးပါပုံ

22 Apr 2019

Content တွေဟာ Digital Marketing အတွက် မရှိမဖြစ်လိုအပ်တဲ့ အချက်တစ်ချက်ထဲမှာပါဝင်နေပြီး Content တွေဟာ အရေးပါသလို Infographic တွေကလည်း အရေးပါတဲ့ လျှို့ဝှက်ချက်တစ်ခုဆိုတာကို မေ့နေတတ်ကျပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ နောက်ပိုင်း Audience တွေက စာဖတ်နေရတာ ထက်စာရင် Visual အမြင်ကောင်းကောင်းဖြစ်ပြီး မျက်လုံးထဲမှာ စွဲနေစေတဲ့ Infographic တွေ၊ Video အတိုလေးတွေကို ပိုပြီးစိတ်ဝင်စားလာကြပါတယ်။ Infographic တွေမှာ ဖန်တီးထားတာကလည်း စိတ်ဝင်စားစရာကောင်းတယ်၊ Creative ဆန်နေမယ်ဆိုရင်တော့ Audience ဟာ လွယ်လွယ်ကူကူနဲ့ပဲ စိတ်ဝင်စားတတ်ကြပြီး သူတို့သက်ဆိုင်ရာတွေဆီကို Sharing တွေလုပ်လာကြပါလိမ့်မယ်။ သင်ဟာလည်း Infographic တွေနဲ့ သင့်လုပ်ငန်းရဲ့ အဓိကကျတဲ့ အချက်တွေကို လိုရင်းတိုရှင်းနဲ့ ဖော်ပြထားမယ်ဆိုရင်တော့ သင့်လုပ်ငန်းအတွက် သိသာတဲ့ Engagement တွေကိုရရှိလာနိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ၉၀% သောလူသားတွေရဲ့ ဦးနှောက်မှာ အမြင်အာရုံဟာ Image ကိုမှတ်မိနိုင်စွမ်းက Text တွေကို မှတ်မိနိုင်စွမ်းထက် အဆ (၆) သောင်းပိုမြန်တယ်လို့ လေ့လာရပါတယ်။ လူအများစုဟာဆိုရင် သူတို့ဖတ်ထားတဲ့အရာတွေကို ၂၀% လောက်သာပြန်မှတ်မိတယ်ဆိုပြီး သိရှိထားပါတယ်။ ဒီအချက်တွေကို ကြည့်တာနဲ့တင် Infographic ရဲ့ လျှို့ဝှက်ချက်လေးတွေကို သတိပြုမိမယ်လို့မျှော်လင့်ပါတယ်။ သင့်ရဲ့ Infographic ကို ထင်ရှားပြီး စိတ်ဝင်စားမှုပိုရစေချင်ရင်တော့ ဒီအချက် ၅ ချက်ကိုဂရုစိုက်ပါ။


သင့်လုပ်ငန်းအတွက် Infographic တွေကြီးပဲသုံးရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ Infographic တစ်လှည့်သုံးလိုက်၊ Content တစ်လှည့်သုံးနဲ့ လိုအပ်တဲ့နေရာတွေမှာ သင့်တော်တဲ့ နည်းလမ်းလေးတွေကို သုံးပြီး Audience ရဲ့ Engagement ကို ပိုမိုရယူနိုင်ပါတယ်။

Ref – socialmediatoday

Recent posts