Digital Marketing နယ်ပယ်တွေထဲမှာ ပါဝင်တဲ့ e-Commerce ဆိုတာကတော့ Product တွေ Service တွေကို အင်တာနက်ရှိရုံနဲ့ ဝယ်နိုင်ခြင်း၊ ရောင်းချနိုင်ခြင်းပဲ ဖြစ်ပါတယ်။ အခု Sharing လုပ်ပေးမှာကတော့ လုပ်ငန်းတွေကို e-Commerce နဲ့တွဲပြီး ဘာကြောင့်အသုံးပြုသင့်သလဲ ဆိုတာပဲ ဖြစ်ပါတယ်…

 

  • သင့်လုပ်ငန်းအတွက် Sale တွေပိုပြီး တိုးလာမယ်။ ၂၄ နာရီလုံး သင့်ရဲ့ Products တွေကို Customer တွေက အင်တာနက်ရှိနေတာနဲ့ ဝယ်ယူမှုတွေ ပြုလုပ်နေတာကြောင့် ဖြစ်ပါတယ်။

 

  • လုပ်ငန်းအသုံးစရိတ်တွေကို လျှော့ချလာနိုင်မယ်။ အရင်းနှီးစလုပ်ဖို့ အများကြီးတန်းသုံးစရာမလိုပဲ ကုန်ကျစရိတ်အလွန်သက်သာတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။

 

  • Customer Range လည်းအလွန် ကျယ်ပြန့်လာပါမယ်။ e-Commerce Platform ပေါ်မှာ ရောင်းချသူတွေအနေနဲ့လည်း Customer အရေအတွက် ကန့်သက်ချက်မရှိပဲ ရနိုင်တဲ့အတွက် အမြတ်ပိုရလာနိုင်ပြီး လုပ်ငန်းတွေကို ပိုပြီး Growth ဖြစ်လာအောင် လုပ်နိုင်ပါတယ်။

 

  • e-Commerce Platform တွေမှာ Automation တွေအနေနဲ့ Finance System, Inventory, Shipping နဲ့ Customer Service ပါဝင်တဲ့အတွက် ကိုယ့်ဆိုင်ကို နေရာတစ်နေရာထဲမှာပဲ Manage လုပ်နေနိုင်မှာ ဖြစ်ပါတယ်။

 

  • ကြော်ငြာခ အလွန်သက်သာပါတယ်။ Customer ထောက်ခံချက်တွေ Brand Awareness တိုးလာခြင်းတွေက သင့် Product တွေကိုအလိုလို ကြော်ငြာပေးနိုင်တဲ့အတွက် ကြော်ငြာစရိတ်တွေ လျှော့ချလာနိုင်မှာ ဖြစ်ပါတယ်။

 

ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် လူကြီးမင်းတို့ရဲ့ လုပ်ငန်းတွေကို ဘာကြောင့် e-Commerce အသုံးပြုလာသင့်လဲဆိုတာကို သုံးသပ်မယ်လို့ မျှော်လင့်ပါတယ်။ နည်းပညာတွေတိုးတက်လာတာနဲ့ အမျှ e-Commerce Website ရှိထားတဲ့ လုပ်ငန်းတွေက ပိုပြီး အောင်မြင်မှုရနိုင်ချေများပါတယ်။

Leave a Reply

social sharing buttons