logo
myanmar
Negative Comment တွေကိုဘယ်လို Handle လုပ်မလဲ?

Negative Comment တွေကိုဘယ်လို Handle လုပ်မလဲ?

20 Mar 2024

Social Media နဲ့လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ Audience တွေရဲ့ Reaction, Feedback နဲ့ Comment တွေကတော့ အနည်းနဲ့အများရှိကြပါတယ်။ Feedback တွေကို ကြည့်ပြီး ကိုယ့်လုပ်ငန်းရဲ့ လိုအပ်ချက်တွေ၊ ဘယ်အပိုင်းက ပိုပြီးလုပ်သင့်တယ် အစရှိတဲ့ အရာတွေကို ပြန်လည် ပြင်ဆင်လို့ရပါတယ်။ ဒီလိုပဲ Comment မှာဆိုရင်လည်း Positive Comment ရှိသလို Negative Comment တွေလည်းရှိပါတယ်။ Social Media မှာက ကိုယ်လုပ်ငန်းက ပုံမှန်လှည့်ပတ်နေတယ် အမှားမရှိဘူးဆိုရင်တော့ အဆင်ပြေနေတတ်ပြီး မကောင်းတဲ့အချက် တခုခုရှိခဲ့မယ်၊ အမှားယွင်းတခုခု ရှိခဲ့မယ်ဆိုရင်တော့ ပြန့်နှံ့မှုနှုန်းက ပိုပြီးမြန်ဆန်တာကို တွေ့ရပါတယ်။



ဒီအတွက် သတိထားပြီး ကိုင်တွယ်ဖို့ကတော့ Negative Comment တွေပဲ ဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်းမှာ အားနည်းချက်ရှိလို့ ပေးတဲ့ Negative Comment တွေက ကိုယ့်ရဲ့လုပ်ငန်းလိုအပ်ချက်တွေကို ပြန်လည်စစ်ဆေးဖို့အတွက် အထောက်အကူပြုပါတယ်။ ဒါပေမယ့် တချို့ Negative Comment တွေကတော့ သတိထားပြီး Manage လုပ်ဖို့ လိုအပ်ပါတယ်။ ဘလို Manage လုပ်ရမလဲ ဆိုတဲ့အချက်တွေကတော့ အောက်မှာ ဖော်ပြပေးသွားပါမယ်…



-ကိုယ့်လုပ်ငန်းမှာ ရရှိထားတဲ့ Message ကိုသေချာဖတ်ပါ။ ပြဿနာရဲ့ အစက ဘယ်ကစတယ်ဆိုတာကို သေချာစုံစမ်းပါ။ ကိုယ်ဘယ်လို ကူညီနိုင်မလဲဆိုတာကို ရှာဖွေပါ။



-Screenshot ရိုက်ထားပါ။ ဒီအချက်အလက်တွေက သင့်လုပ်ငန်းအတွက် ကောင်းကောင်း Document လုပ်ထားနိုင်တဲ့ အကြောင်းအရင်းပဲ ဖြစ်ပါတယ်။ ဒီအချက်တွေက နောက်ပိုင်း သင့်လုပ်ငန်းမှာ Follow Up လုပ်မယ့် Co-Worker တွေကို Training ပေးတဲ့နေရာမှာ ထည့်သွင်းပြီး သင်ကြားပေးနိုင်ပါတယ်။



-Message တွေကို မဖျက်ပစ်ပါနဲ့။ တတ်နိုင်သလောက် အကောင်းဆုံး ဖြေရှင်းပေးပါ။ အခြား Audience တွေ မမြင်သင့်တဲ့ Negative Comment တွေရှိလာရင်တော့ Hide ပဲလုပ်ထားပါ။



-Response Time ကို Delay မဖြစ်ပါစေနဲ့။ Social Media User တွေအတွက် အချိန်က အရေးကြီးပါတယ်။ Comment တွေကို အတတ်နိုင်ဆုံး ၁ နာရီအတွင်း ပြန်နိုင်အောင် သတိထား ကိုင်တွယ်ဖို့ လိုအပ်ပါတယ်။



ဒီအချက်တွေက Social Media Platform တွေနဲ့တွဲလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ အတွက် Negative Comment တွေနဲ့ပတ်သတ်ပြီး အထူးဂရုပြုပြီး Handle လုပ်သင့်တဲ့ အချက်တွေဖြစ်ပါတယ်။







Recent posts