
Social Media နဲ့ပတ်သတ်ပြီး သိထားသင့်တဲ့အကြောင်းအရာများ
09 Jul 2024
Business ကိုစျေးကွက်ထဲမှာ မြန်မြန်ဆန်ဆန် ချဲ့ထွင်ဖို့အတွက် နည်းပညာ အကူအညီတွေနဲ့ပါ တွဲဖက်လုပ်ကိုင်လာကြပါတယ်။ Consumer တွေရဲ့ ဝယ်လိုအားကို Strategy ကောင်းကောင်းနဲ့ Social Media တွေပေါ်မှာ ကြော်ငြာတာတွေ၊ Promote လုပ်တာ အစရှိတဲ့ ကဏ္ဍတွေကို လုပ်ဆောင်လာကြပါတယ်။ ဒီလိုတဖြည်းဖြည်းနဲ့ Social Media လွှမ်းမိုးလာရတာကလည်း Social Media ကို လူသုံးများလာတာနဲ့ သူရဲ့ကောင်းကျိုးတွေကြောင့်လည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ Social Media Channel တော်တော်များများလည်း လူတိုင်းနီးပါးနဲ့ ရင်းနှီးနေကြပါပြီ။ အောက်ပါအချက်တွေကို ကြည့်ပြီး Social Media လွှမ်းမိုးလာရခြင်းအကြောင်းကို သုံးသပ်နိုင်ပါတယ်…
နေ့စဥ်အသုံးပြုသူမှတ်တမ်းကို ကြည့်ရမယ်ဆိုရင် Social Media တွေကို နေ့စဥ်အသုံးပြုနေတဲ့ အသုံးပြုသူအရေအတွက်ဟာဆိုရင် ၃.၅ မီလီယံကျော်ရှိနေပါပြီ။
အသုံးပြုတဲ့အချိန်ကို ကြည့်မယ်ဆိုရင်လည်း နေ့တစ်နေ့ရဲ့
၂.၅ နာရီလောက်ဟာ Social Media ပေါ်မှာ အချိန်ပေးတဲ့ကြပါတယ်။
၇၃ ရာခိုင်နှုန်းသော Marketer တွေဟာ Positive ROI အတွက် Social Media ကသက်ရောက်မှု ကောင်းကောင်းရှိကြောင်း ပြောကြပါတယ်။
Positive Vibe တစ်ခုအနေနဲ့ ပြောရမယ်ဆိုရင် User တစ်ယောက်ဟာ Social Media ပေါ်မှာ တွေ့ခဲ့တဲ့ Brand/Product တွေကို သူရဲ့ သူငယ်ချင်း၊ မိသားစုတွေကို တဆင့်ပြန်ပြောတတ်ပါတယ်။
Mobile Phone တွေပေါ်များလာတာနဲ့ အမျှ Social Media ကို Mobile Phone တွေကနေ အသုံးပြုသူ ၉၁ ရာခိုင်နှုန်းအထိ ရှိလာပါပြီ။
လူသိများနှုန်းမှာဆိုရင်လည်း အခြားကြော်ငြာ Channel တွေထက် Social Media မှာကပိုပြီး ထိရောက်မှု ရှိပါတယ်။
Social Media ကို စနစ်တကျ အသုံးချမယ်ဆိုရင်တော့ ကိုယ့်ရဲ့ Product/Brand တွေကို လူသိများလာအောင်ကြော်ငြာနိုင်ပါတယ်။ Social Media က ပြန့်နှံ့လွယ်တဲ့အတွက် အမှားအယွင်း တစ်ခုခု ဖြစ်သွားရင်လည်း ပြန့်နှံ့နှုန်းလွယ်တဲ့အတွက် အမှားကင်းအောင် အသုံးပြုဖို့တော့လိုအပ်ပါတယ်။ အထက်ပါ အချက်တွေက Social Media လွှမ်းမိုးလာစေတဲ့ အချက်တွေလည်း ဖြစ်ပါတယ်။