Social Media ကို Entertainment အနေနဲ့ပဲ အသုံးပြုနေလား? ဒါမှမဟုတ် Marketing အတွက်အသုံးပြုဖို့ အတွက်ပါ စိတ်ကူးထားသလား? ဒါဆိုရင် ဒီအကြောင်းအရာက သင့်အတွက် အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်…

 

Social Media ဆိုတာက Website (သို့မဟုတ်) App တွေကို အသုံးပြုပြီး လူအချင်းချင်း Content တွေ Real-time Information တွေကို Sharing လုပ်ကြတာပဲ ဖြစ်ပါတယ်။ လူတော်တော်များများ သိထားတာကတော့ Social Media ဆိုတာ Mobile Phone, Tablet တွေမှာရှိတဲ့ App တွေလို့ သတ်မှတ်ကြပါတယ်။ တကယ်တော့ Social Media ဆိုတာက Communication Tool တွေနဲ့ Computer Platform မှာစတင်ခဲ့တာ ဖြစ်ပါတယ်။ Communication Tool တွေ တစ်ဖြည်းဖြည်း တိုးတက်လာခဲ့တဲ့နောက်ပိုင်းမှာ Photo, Opinion, Event အစရှိတာတွေကိုပါ Real-time မှာ မြန်မြန်ဆန်ဆန်နဲ့ Sharing လုပ်နိုင်လာပါတယ်။ လက်ရှိအချိန်မှာ ဆိုရင်တော့ စီးပွားရေးလုပ်ငန်းတွေကိုပါ Social Media ပေါ်မှာလုပ်ကိုင်လာကြပါတယ်။

 

ဒီလို Social Media ပေါ်မှာလုပ်ငန်းတွေကို လုပ်ကိုင်လာကြတာက Branding အတွက် မြန်ဆန်တဲ့ထိရောက်မှု ရှိနေလို့ပဲ ဖြစ်ပါတယ်။ Investment ပိုင်းမှာဆိုရင်လည်း Social Media က အခြား Channel တွေထပ် သက်သာပြီး မှန်ကန်တဲ့ Target ကိုရွေးချယ်နိုင်တာကြောင့် လုပ်ငန်းအတွက် Reach နဲ့ Engagement ရရှိနှုန်းတွေ တိုးတက်စေနိုင်ပါတယ်။ နောက်ပိုင်းမှာတော့ Social Media Platform က Entertainment ပိုင်းအတွက်ရော Marketing ပိုင်းအတွက်ပါ အရေးပါလာခဲ့ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ Social Media Marketing Platform မှာ Facebook Advertising က Popular အဖြစ်ဆုံး Social Media Marketing ဖြစ်နေပြီး World Wide ရဲ့ နောက်ဆုံးရ Social Media Stats တွေကတော့…

 

Facebook – 72.37%

Pinterest – 15.03%

Twitter – 6.04%

YouTube – 3.35%

Instagram – 1.57%

Tumblr – 0.59%

Reddit – 0.52%

 

အထက်က အချက်တွေကိုဖတ်ပြီး Social Media မှ Social Media Marketing သို့ပြောင်းလဲလာပုံနဲ့ အရေးပါပုံတွေကို သိရှိနားလည်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ အခြား Social Media Marketing နဲ့ Digital Marketing အကြောင်းတွေကိုလည်း ကျနော်တို့ SEOMyanmar မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

 

Leave a Reply

social sharing buttons