logo
myanmar
Content Marketing အတွက်သိထားသင့်တဲ့ Tips များ

Content Marketing အတွက်သိထားသင့်တဲ့ Tips များ

01 Jun 2023

Digital Marketing နယ်ပယ်မှာ Content ဖန်တီးမှုဟာ အရေးပါပြီး Content တစ်ပုဒ်ဖြစ်လာဖို့ဆိုတာ မလွယ်ကူပါဘူး ။ Creative ဖြစ်ပြီး Audience တွေအကြိုက် Content တစ်ပုဒ်ရဖို့အတွက် Trend ကိုအမှီလိုက်နိုင်ဖို့သာမက ခေတ်နဲ့လျော်ညီပြီး Audience ရဲ့ စိတ်အာရုံကိုဖမ်းစားနိုင်မဲ့ အရေးအသား အသုံးအနှုန်းတွေကို ဂရုတစိုက် ဖန်တီးရေးသား တတ်ဖို့လိုပါတယ်။ Content တစ်ပုဒ် ဖန်တီးပြီးရင်လဲ စနစ်တကျ Strategy တွေအသုံးချဖို့လဲလိုပါသေးတယ်။ကျွန်တော်အခုဖော်ပြမဲ့ အချက်တွေကတော့ Content Marketing အတွက် Content တွေဖန်တီးရာမှာ သိထားရမဲ့ လိုအပ်တဲ့အချက်တွေပဲဖြစ်ပါတယ်။




1. Research

Content တစ်ပုဒ်စတင်ဖန်တီးတော့မယ်ဆို အဆိုပါ Content အတွက်လိုအပ်တဲ့အချက်အလက်တွေ သိထားသင့်တယ်ထင်တဲ့အကြောင်းအရာတွေကို Research လုပ်ပါ။ လိုအပ်လျင် Survey ကောက်ယူပြီး Analyze လုပ်ပါ။




2. Goal

Research လုပ်ပြီးလျင် အဆိုပါ Content ကနေရရှိလာမဲ့ အကျိုးအမြတ် ရလာဒ် တွေကို ကြိုတင်ပြီး ရွေးထုတ်စာရင်းပြုစုထားပါ။




3. Content Strategy

ကိုယ်မျှော်လင့်ထားတဲ့ ရလာဒ်တွေနဲ့ Content ကောင်းတစ်ပုဒ်ကို ရရှိစေဖို့ Strategy ကောင်းကောင်း တည်ဆောက်ပါ။




4. Content Creation

ဒီအဆင့်မှာတော့ Content Strategy ကိုသေချာအသုံးချပြီး Content ဖန်တီးခြင်း အနုပညာ ဆိုတဲ့အတိုင်း ရှာဖွေထားတဲ့ Research တွေ တည်ဆောက်ထားတဲ့ Strategy တွေကိုအသုံးချပြီး Content ကောင်းတစ်ပုဒ်ဖန်တီးပါ။




5. Content Source

Content တစ်ပုဒ်ဖန်တီးပြီးပြီဆိုလျင် သင်ရေးတဲ့ Content အတွက် Research လုပ်ထားတဲ့ မူလ Source ကို လိုအပ်လျင် Reference ထည့်၍ဖော်ပြပေးပါ။




6. Distribution

ကဲအပေါ်ကအချက်တွေအားလုံးစိစစ်ပြီးပြီဆိုလျင် ဖန်တီးထားတဲ့ Content ကို နှစ်သက်ရာ Platform မှာ Publishing လုပ်ပါ။




7. Measure Engagement

တင်ထားပြီးသား Content ကို Audience တွေ နှစ်သက်မှု ရှိမရှိ ဘယ်လိုတုန့်ပြန်မှုရှိလဲဆိုတာ ကို Measure လုပ်ပါ။




ကဲအခုဖော်ပြသွားတာကတော့ Content Marketing လုပ်ရာမှာ အခြေခံ အသုံးချရတဲ့ အချက်တွေပဲဖြစ်ပါတယ်။

Recent posts