logo
myanmar
Google မှာ Ranking ကောင်းနိုင်ဖို့ SEO Tips အချို့

Google မှာ Ranking ကောင်းနိုင်ဖို့ SEO Tips အချို့

17 Aug 2018

သင့်ရဲ့ Website ကို Google မှာ Ranking ကောင်းကောင်းရချင်ပါသလား? သင်ကိုယ်တိုင်သင့်ရဲ့ Website Ranking ကောင်းအောင် သတိထားပြီးလေ့လာနိုင်မဲ့ SEO Tips အချို့ကိုဖော်ပြပေးပါမယ်...

Create Content

Search Engine က Content အသစ်တွေကို ပိုအသားပေးပါတယ်။ ဒါကြောင့်မို့ သင့်ရဲ့ Website ကBlog တွေကို အမြဲ Update ဖြစ်အောင် လုပ်ပေးပါ။ သင့်ရဲ့ Website ဟာ Google Friendly ဖြစ်နေမယ်ဆိုရင် SEO အတွက် အထောက်အပံ့ ကောင်းရပါတယ်။

Connect Content

သင့်ရဲ့ Website အတွင်းမှာ Page နဲ့ Post တွေကိုချိတ်ထားတဲ့ Interlink တွေဟာ တိတိကျကျနဲ့ ချိတ်ဆက်ထားဖို့ လိုအပ်ပါတယ်။ ချိတ်ဆက်ထားတဲ့ Interlink တွေက ညွန်ပြထားတဲ့ နေရာကို မရောက်ပဲ
မဆိုင်တဲ့ နေရာကိုရောက်သွားမယ်ဆိုရင် သင့် Website အတွက် မဖြစ်သင့်တဲ့ အားနည်းချက်တွေဖြစ်
သွားတတ်ပါတယ်။

Use Images

ကိုယ့်ရဲ့ Website မှာ Content တွေချည်းပဲဆိုရင် Audience အတွက်ငြီးငွေ့စရာဖြစ်တတ်ပါတယ်။ Audience ဟာ Content နဲ့ Image လေးတွေကိုတွဲဖက်ပြီး ဖတ်ရှုရတာကို ပိုပြီးနှစ်သက်ကျပါတယ်။
သတိထားရမဲ့ တစ်ချက်ကတော့ ကိုယ့်အသုံးပြုတဲ့ ပုံကို Audience ကနှစ်သက်ပေမဲ့ Search Engine
က အသိအမှတ်မပြုတာရှိတဲ့အတွက် ပုံအသုံးပြုတဲ့ နေရာလည်းသတိထားဖို့လိုအပ်တယ်။

Optimize Your URL

သင့် Website URL ကိုပေးတဲ့အခါမှာလည်း Website မှာရှိတဲ့ Articles တွေထဲမှာ ပါတဲ့ Main Keywords
တွေပါအောင် ပေးသင့်ပါတယ်။ SEO လုပ်တဲ့အချိန်မှာ သင့်ရဲ့ Website URL မှာပါတဲ့ Keywords နဲ့ Website ရဲ့ Main Keywords တွေနဲ့ လွဲနေမယ်ဆိုရင် သင့်ရဲ့ Website Ranking တက်မယ့်နေရာမှာ
အခက်အခဲတွေဖြစ်လာနိုင်ပါတယ်။

Optimize For Mobile

သင်ရဲ့ Website ဟာ Desktop View မှာအဆင်ပြေပြီး Mobile View မှာ Responsive ဖြစ်မနေရင်လည်း
အဆင်မပြေပါဘူး။ သင့်ရဲ့ Website ဟာ Mobile Devices တွေမှာပါ အဆင်ပြေနေမှသာ Ranking အတွက်အဆင်ပြေမှာဖြစ်ပါတယ်။ ယခုအချိန်မှာဆိုရင် Mobile Devices တွေနဲ့ Website ရှာဖွေဟာဆိုရင်
Desktop/Laptop တွေနဲ့ ရှာဖွေမှုကို ပိုများတာကိုလည်းတွေ့ရှိရပါတယ်။ ဒါကြောင့်သင့်ရဲ့ Website ကို
Responsive ဖြစ်နေအောင် ဂရုစိုက်ဖို့လည်းလိုအပ်ပါတယ်။

ဒါကြောင့်မို့ သင့်ရဲ့ Website ကို SEO ပြုလုပ်မယ်ဆိုရင်လည်းအထက်ပါ အချက်လေးတွေကို ကြည့်ရှုလေ့လာပြီး ဆောင်သင့်၊ ရှောင်သင့်တာလေးကို သတိထားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ လွယ်ကူတယ်လို့ထင်ကောင်းထင်နိုင်ပေးမယ့် ထိထိရောက်ရောက်အသုံးချနိုင်ဖို့တော့ ခက်ခဲပါလိမ့်မယ်။ လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် SEO နဲ့ ပတ်သတ်တဲ့ ဝန်ဆောင်မှုများကို ကျတော်တို့ SEOMyanmar မှလည်းဝန်ဆောင်ပေးနေပါပြီ။

Ref - socialmediatoday

Recent posts