logo
myanmar
Audience Engagement ကောင်းကောင်းရအောင် သိထားသင့်တဲ့ အချက်များ

Audience Engagement ကောင်းကောင်းရအောင် သိထားသင့်တဲ့ အချက်များ

13 Jan 2020

ဒီတစ်ခေါက်ဖော်ပြပေးမှာကတော့ Social Media မှာ Audience Engagement ကောင်းကောင်းရစေမယ့် အချက်တွေပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၃) နှစ်လောက်က ၉၂%သော Marketer တွေရဲ့ Content Engagement တွေဟာ Social Media ပေါ်မှာ ၅၃% အထိကျဆင်းခဲ့ပါတယ်၊ ဘာကြောင့်လဲဆိုရင်တော့ Marketer တွေနဲ့ Audience ကြားထဲမှာ ခိုင်လုံတဲ့ ယုံကြည်မှုရှိသင့်သလောက်မရှိခဲ့လို့ပဲဖြစ်ပါတယ်။ ဒီ Social Media မှာ လုပ်ငန်း လုပ်ကိုင်မယ်ဆိုရင်တော့ Audience ရဲ့ ယုံကြည်မှုဟာ အရမ်းကိုအရေးကြီးပါတယ်။ သင့်ရဲ့ Social Media လုပ်ငန်းတွေမှာ အသုံးဝင်နိုင်မဲ့ နည်းလမ်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်။

၁. Comment နဲ့ Message တွေကို Active ဖြစ်ပြီး ဆီလျော်စွာ ပြန်လည်ဖြေကြားပေးပါ။

၂. Personality ရှိရပါမယ်။

၃. သင့်ရဲ့ Post တွေမှာ ပုံတွေကို သင့်လျော်အောင်ရွေးချယ်ပေးပါ။

၄. Audience တွေကို Feedback နဲ့ Review တွေကိုဂရုတစိုက် မေးမြန်းပေးပါ။

၅. လက်ရှိအချိန်မှာ Trend ဖြစ်နေတဲ့ Post တွေကို မှန်ကန်သင့်လျော်စွာတင်ပေးပါ။

၆. ထင်ရှားတဲ့ Call-to-action တစ်ခုခုရှိရန်လိုအပ်ပါတယ်။

၇. သင့်ရဲ့ အမာခံပရိတ်သတ်တွေအတွက် Post တွေရေးပေးပါ။

၈. Content Plan ကိုကောင်းစွာချထားဖို့လိုအပ်ပါတယ်။

၉. စိတ်ဓာတ်တက်ကြွစေမဲ့ Post တွေရံဖန်ရံခါတင်ပေးပါ။

အထက်ပါအချက်လေးတွေက Social Media Post တွေရဲ့ အခြေခံလိုအပ်တွေဆိုရင်လည်းမမှားပါဘူး။ အထက်ပါအချက်တွေထဲကမှာ Audience တွေဂရုစိုက်ပေးဖို့ဆိုတဲ့အချက်က အရေးကြီးပါတယ်။ ဒါကြောင့် မိမိရဲ့ Audience တွေကိုဂရုစိုက်ပေးဖို့ကိုတော့ အထူးဂရုပြုစေချင်ပါတယ်။

Recent posts