
Instagram ဟာဆိုရင်လည်း နောက်ပိုင်း Business တွေအတွက် ရွေးချယ်လာတဲ့ Social Media Platform တစ်ခုဖြစ်လာပါတယ်။ Marketer တွေကလည်း Instagram ကိုစျေးကွက်ချဲ့ထွင်ဖို့အတွက် ရွေးချယ်လာပါပြီ။ Visual အသားပေး Brand တွေ Product တွေအတွက် Instagram ကရွေးချယ်သင့်တဲ့ Platform တစ်ခုလည်း ဖြစ်ပါတယ်။ သင်က Instagram မှာ Business Run နေတဲ့သူဆိုရင် ဒီ Tip အချို့ကို စမ်းသပ်ကြည့်နိုင်ပါတယ်…
UGC များဖန်တီးခြင်း
UGC ကတော့ User-generated Content တွေဖြစ်ပါတယ်။ Audience တွေအပေါ်မှာ Meaningful Level ဖြစ်တဲ့ Content အမျိုးအစား တစ်ခုလည်း ဖြစ်ပါတယ်။ UGC ကိုအခြေခံပြီး ပြုလုပ်ထားတဲ့ Instagram Ads တွေဟာဆိုရင်လည်း CTR (Click Through Rate) ၄ ဆထိ သိသိသာသာ ပိုရခဲ့တာကိုတွေ့ရပါတယ်။ မိတ်ဆွေရဲ့ Business အတွက် ဒီအချက်က စမ်းသပ်ကြည့်သင့်တဲ့ အချက်တစ်ချက်လို့လည်း ပြောနိုင်ပါတယ်။
“Old-school” Technique တွေပြန်လည် ဖန်တီးခြင်း
တခါတလေမှာ နည်းလမ်းဟောင်းတွေက ဆန်းသစ်တဲ့ အရာတွေ ပြန်ဖြစ်သွားတတ်တာကို တွေ့ရပါတယ်။ ဒီလိုပဲ Instagram မှာ “Old-school” Technique တစ်ခုထဲမှာပါဝင်တဲ့ Instagram Nametag တွေကို ကိုယ့်ရဲ့ Brand/Product တွေအတွက် ပြန်လည်အသုံးချနိုင်ပါတယ်။ တခါတလေမှာ Follow Button ကိုသုံးထားတာထက် Nametag နဲ့ဖန်တီးထားတာက Audience ကိုပိုပြီးဆွဲဆောင်နိုင်ပါတယ်။
Influencer တွေနဲ့ Live-stream လုပ်ခြင်း
ဒီနည်းလမ်းကတော့ Influencer တွေကိုဖိတ်ပြီး ကိုယ့်ရဲ့ Product/Brand ကို Live-stream မှာကြေညာတဲ့ နည်းလမ်းဖြစ်ပါတယ်။ Influencer တွေရဲ့ Audience လွှမ်းမိုးနိုင်စွမ်းက တခါတလေမှာ တော်တော်ကို ကြောက်ဖို့ကောင်းလောက်အောင် လွှမ်းမိုးတာကို တွေ့ရပါတယ်။ ဒီနည်းလမ်းကိုစမ်းသပ်ကြည့်ဖို့က ကိုယ့် Brand/Product နဲ့လိုက်ဖက်မယ့် Influencer ကိုရွေးချယ်ဖို့တော့ လိုအပ်ပါတယ်။
Stop-motion Video တွေတင်ခြင်း
နောက်ပိုင်းမှာ Stop-motion Video တွေရဲ့ Engagement ဟာလည်း သိသိသာသာကို များလာတာကို တွေ့ရပါတယ်။ Creative Content နဲ့ Stop-motion Video ကိုတွဲဖက်ပြီး ဖန်တီးလိုက်မယ်ဆိုရင် Engagement နဲ့ Awareness ကောင်းကောင်းရရှိဖို့က သေချာသလောက်ပါပဲ။ Stop-motion Video က အရမ်းကြာတဲ့ Video အမျိုးအစားလည်း မဟုတ်တဲ့အတွက် Audience ကို Boring မဖြစ်စေပဲ ပြချင်တဲ့ Point ကိုထိထိမိမိ မြန်မြန်ဆန်ဆန်ပြသွားမှာ ဖြစ်ပါတယ်။ ဒီအချက်ကိုလည်း သင့်ရဲ့ လုပ်ငန်းအတွက် စမ်းသပ် အသုံးပြုကြည့်ဖို့ အကြံပေးပါတယ်။
သင်ဟာ Instagram ကို Business အတွက် အသုံးပြုနေတယ်ဆိုရင် သင့် Brand/Product တွေအတွက် အထက်ပါ ဖော်ပြပေးခဲ့တဲ့ Tip တွေကို စမ်းသပ်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။