11 Jun 2020
လူငယ်သုံး Social Media Platform ဖြစ်တဲ့ Instagram ဟာ Visual ကိုဦးစားပေးတဲ့ Brand တွေအတွက် အကောင်းဆုံး အသုံးပြုဖို့ သင့်တော်တဲ့ Platform တစ်ခုပါ။ ဒီလို Brand တွေတင်မကပဲ အလှကုန်နဲ့ ပတ်သတ်တဲ့ Product တွေ လူငယ်ကြိုက် Product တွေအတွက်လည်း အသုံးပြုဖို့ သင့်တော်တဲ့ Platform တစ်ခုလည်း ဖြစ်ပါသေးတယ်။ နောက်ပိုင်းမှာဒီလို Instagram Marketing ကအရေးပါတဲ့ Digital Marketing နည်းပညာတစ်မျိုးဖြစ်လာပါတယ်။ ဒါကြောင့်ဒီလို Instagram Marketing အတွက် ပိုပြီး Effective ဖြစ်လာစေမယ့် အမိုက်စား Tool တွေကို ဖော်ပြပေးသွားပါမယ်…
Pixaloop
ဒီ Tool ကတော့ သင်ရိုက်ထားတဲ့ ဓာတ်ပုံတွေကို အကောင်းဆုံးနဲ့ အမိုက်စား Animation တွေဖြစ်သွားစေဖို့ ဖန်တီးနိုင်မယ့် Tool တစ်ခုဖြစ်ပါတယ်။ Instagram မှာ Audience ရဲ့ အမြင်အာရုံကို ဖမ်းစားနိုင်ဖို့အတွက် ဆိုရင် အများနဲ့မတူတဲ့ Creation တွေပြုလုပ်နိုင်မှ ဖြစ်မှာပါ။ ဒီအချက်ကို Pixaloop ကအကောင်းဆုံး ကူညီပေးသွားနိုင်မယ့် Tool တစ်ခုဖြစ်ပါတယ်။
Later
Instagram အတွက် Update တွေနဲ့ Stories တွေကို စနစ်တကျ Schedule လုပ်နိုင်ဖို့ဆိုရင် ဒီ Tool ကအကောင်းဆုံး ကူညီပေးနိုင်ပါတယ်။ ဒီ Tool ထဲမှာပါဝင်တဲ့ အချက်တွေကတော့ Storyboard Tool တွေနဲ့ Visually Plan တွေချနိုင်မယ်၊ Link တွေ Caption တွေနဲ့ Schedule ကောင်းကောင်းချနိုင်မယ်၊ Completion Rate, Engagement, Impression နဲ့ Clicks တွေကို Tracking ကောင်းကောင်းလုပ်နိုင်မယ် အစရှိတဲ့ အချက်တွေကို လုပ်ဆောင်နိုင်သွားပါမယ်။
Linktr.ee
Clickable Link တွေကို Instagram Profile ပေါ်မှာထားနိုင်တဲ့ တစ်ခုထဲသော Tool ပဲဖြစ်ပါတယ်။ Business လုပ်ကိုင်ဖို့ အတွက်ဆို Instagram Bio တစ်ခုထဲနဲ့ မလုံလောက်ပါဘူး၊ Business နဲ့ပတ်သတ်တဲ့ Info တွေ၊ Business
Profile ကောင်းကောင်းရှိဖို့လိုအပ်ပါတယ်။ ဒီလိုအပ်တဲ့အချက်တွေကို ကိုယ့်ရဲ့ Instagram Profile မှာထားနိုင်ဖို့အတွက်က ဒီ Tool ကိုအသုံးပြုဖို့လိုအပ်ပါတယ်။
စနစ်ကျပြီး Effective ဖြစ်တဲ့ Business တိုင်းမှာ သက်ဆိုင်ရာ Tool တွေ၊ Feature တွေကို နည်းစနစ်ကျကျ အသုံးပြုပေးဖို့ လိုအပ်ပါတယ်။ ဒီလိုပဲ Instagram Marketing မှာလည်း Effective ဖြစ်ဖြစ်နဲ့ အောင်မြင်မှုရရှိဖို့ဆိုရင် ဖော်ပြခဲ့တဲ့ Tool တွေကိုလိုအပ်သလို အသုံးပြုပေးဖို့ လိုအပ်ပါတယ်။