logo
myanmar
May လအတွက် Top 2 Downloading Apps

May လအတွက် Top 2 Downloading Apps

23 Jun 2019

Facebook ကတော့ May 2019 မှာ Download ပြုလုပ်မှု အများဆုံး App တစ်ခုအဖြစ်ရပ်တည်နေပြီး၊ Tiktop နဲ့ Snapchat ဟာလည်း Facebook နောက်က Download ပြုလုပ်မှု အများဆုံး App စာရင်းကို ထိန်းသိမ်း ထားဆဲပါ။ ဒီ App တွေဟာ လက်ရှိမှာရေပန်းစား နေတဲ့ Social App တွေဖြစ်နေပြီး နေ့စဉ် အသုံးပြုနေသူ သန်းနဲ့ချီ ရှိပြီး အောင်မြင်မှုရှိနေတဲ့ App တွေလို့လဲ ပြောနိုင်ပါသေးတယ်။ Downloading Report တွေအရ…

Top 5 Overall Download တွေကတော့…
1.Facebook
2.Tiktop
3.Snapchat
4.Instagram
5.Likee

Top 5 App Store Download တွေကတော့…
1.Snapchat
2.Tiktop
3.Instagram
4.Facebook
5.Twitter

Top 5 Google Play Download တွေကတော့…
1. Facebook
2.Tiktop
3.Snapchat
4.Instagram
5.Likee

ဖော်ပြခဲ့တဲ့ Downloading App စာရင်းတွေက May 2019 အတွင်းမှာ ရရှိထားတဲ့ စာရင်းတွေ ဖြစ်ပါတယ်။ ဇယားရဲ့ ထိပ်ဆုံးတိုင်းမှာလိုလို Facebook ကိုတွေ့မြင်နေရတာကတော့ Facebook ရဲ့ Privacy ဟာ Audience Size ဘယ်လောက်ကြီးလာလာ ပေါ့လျော့သွားခြင်း မရှိတာကြောင့် ဖြစ်ပါတယ်။ ဒုတိယ App စာရင်းဝင်ခဲ့တဲ့ Tiktok ဟာဆိုရင်လည်း ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ Audience တွေကြားမှာ Popular အဖြစ်ဆုံး App တစ်ခုအဖြစ်ရပ်တည်နေပါတယ်။ Tiktop Video တွေကို လူတိုင်းနီးပါး မလုပ်ကြပေမယ့်၊ လူတိုင်းနီးပါး Entertainment အနေနဲ့ ကြည့်ရှုနေကြတာကိုလည်း တွေနေရခြင်းက Tiktok ရဲ့ အောင်မြင်မှုလို့ ပြောနိုင်ပါ တယ်။

ဒီလိုအောင်မြင်မှုတွေရပ်တည်နေတဲ့ Facebook နဲ့ Tiktop တို့ဟာ May 2019 Top 2 Downloading Apps ၂ ခုဖြစ် စာရင်းဝင်ခဲ့ခြင်း ဖြစ်ပါတယ်။

Recent posts