logo
myanmar
Social Media Post တင်တဲ့အခါမှာ သိထားသင့်သောအချက်များ

Social Media Post တင်တဲ့အခါမှာ သိထားသင့်သောအချက်များ

25 May 2023

ယနေ့ခေတ်မှာ Social media marketing ဟာစီးပွားရေးလုပ်ငန်းတွေအတွက် ထိပ်ဆုံးကရပ်တည်နေတဲ့ marketing ဗျူဟာတခုပဲဖြစ်ပါတယ်။ဒါကြောင့် Social media မှာ Post တွေတင်ပြီး Marketing လုပ်တဲ့အခါမှာ သတိထားလိုက်နာသင့်တယ် အချက်တွေကို အကျဉ်းချုပ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။




သင် Social Media Platform တွေပေါ်မှာရေးတဲ့ Content တစ်ခုဟာသင်သေချာလေ့လာထားတဲ့ Content ဖြစ်ရပါမယ်။ ဒီအချက်က ရိုးရှင်းပြီး ထိရောက်တဲ့ Content တစ်ပုဒ်ကိုသင့်ရဲ့ Audience တွေဆီကို ပို့ပေးနိုင်ပါတယ်။Social Media တွေမှ တဆင့်မေးမြန်းမှုတွေ သင့်ဆီကိုရောက်ရှိလာ ခဲ့မယ်ဆိုရင် အဲ့ဒီမေးခွန်းတွေကို သေချာမှတ်ထားပေးပြီး ကိုက်ညီတဲ့ အဖြေ တွေကိုပြန်ဖြေပေးပါ။ သင်ဟာသင့်ရဲ့ Audience တွေလိုအပ်ချက် မေးမြန်းချက်တွေကို နောက်ရေးမဲ့ Post တွေမှာ ဂရုတစိုက်ထည့်သွင်းရေးသားပေးတယ်ဆိုရင်သင့်ရဲ့ Social Media Post တွေဟာ Audience တွေလိုအပ်တဲ့ကောင်းမွန်တဲ့ Social Media Post တွေဖြစ်လာပါလိမ့်မယ်။




Post တင်တဲ့အချိန်ကိုသတိပြုပါ။သင် Social Media တွေမှာ Post တင်တဲ့အခါ သင် Schedule ချတဲ့အချိန်နဲ့ Audience တွေတင်စေချင်တဲ့အချိန်ကိုက်ညီဖို့ကိုသတိပြုရပါမယ်။ Scheduling tools ဖြစ်တဲ့ Hootsuite လိုမျိုး Tools တွေကိုအသုံးပြုခြင်းဖြင့် သင့်တော်တဲ့အချိန်မှာ သင့်ရဲ့ Content တွေတင်ဖို့ အထောက်အကူပြုပါလိမ့်မယ်။




Social Media မှာ Visual အမြင်ကောင်းကောင်းနဲ့ဆွဲဆောင်နိုင်ဖို့လဲလိုပါတယ်။Image ဒါမှမဟုတ် Video တွေကို Design ဆွဲတဲ့နေရာမှာ Stunning ဖြစ်နေအောင်ရေးဆွဲပြီး Audience တွေကိုဆွဲဆောင်ပါ။ Image and Video Post တွေဟာသာမာန် Post တွေထက် Engagement ကောင်းကောင်းပိုရပါတယ်။




သင့်ရဲ့ Brand or Service စတာတွေနဲ့သက်ဆိုင်တဲ့ မေးခွန်းတွေ Feedback တွေကိုအချိန်ပေးပြီး အမေးအဖြေသဘောမျိုးလုပ်ပေးပါ။Promotion Post တင်ပြီး Feedback ပေးခိုင်းတာမျိုးတွေ Follower တွေသိလိုတဲ့အကြောင်းအရာတွေကိုအသေးစိတ် Post တင်ပေးတာမျိုးစတာတွေကို အချိန်ပေး လုပ်ဆောင်သင့်ပါတယ်။




သင့်ရဲ့ Post တွေကို Success ဖြစ်မဖြစ် Track လုပ်နိုင်ဖို့ Google Analytics နဲ့ Facebook Insight စတာတွေကိုအသုံးပြုပြီး Measure လုပ်ပါ။ ယခုဖော်ပြသွားတဲ့အချက်တွေကတော့ Social Media Post တွေတင်တဲ့အခါ မှာလိုအပ်တဲ့ သိသင့်တဲ့အချက်တွေပဲဖြစ်ပါတယ်။

Recent posts