ယခုတစ်ခေါက် Twitter ကပြုလုပ်လာမယ့် Update လေးကတော့ Live-Streaming လုပ်တဲ့သူတွေအတွက်နဲ့ User တွေအတွက်ကို ကြည့်ပြီးပြုလုပ်ပေးမယ်လို့ ယူဆလို့ရနိုင်ပါတယ်။ Update လေးကဘယ်လိုလဲဆိုရင် User တစ်ယောက်က အမြဲတမ်းကြည့်နေပြီး Follow လုပ်ထားတဲ့ Account ဟာ Live – Streaming ပြုလုပ်ပြီဆိုတာနဲ့ Follower ရဲ့ Timeline အပေါ်ဆုံးမှာလာပြပေးမှာလဲဖြစ်ပါတယ်။ ဒီလို Update လေးပြုလုပ်ပေးမယ်ဆိုရင် Live-Streaming ကိုအဓိကထားပြီး လုပ်ငန်းလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက်ကတော့ Engagement ကောင်းတွေပိုမိုရရှိလာနိုင်ဖွယ် ရှိပါတယ်။ ဒီအချက်လေးကတော်တော်လေးကို အကျိုးပြုတဲ့အချက်ဆိုလည်း မမှားပါဘူး။

ယခု Update သာလာခဲ့မယ်ဆိုရင် User တစ်ယောက် Follow လုပ်ထားတဲ့ Account (သို့) Channel တစ်ခုခု Live-Streaming လွှင့်ပြီးဆိုတာနဲ့ Notification နှင့်တကွ User ရဲ့ Timeline ထိပ်ဆုံးမှာ လာပြနေမှာဖြစ်တဲ့အတွက် User တွေအနေနဲ့လည်း အချိန်ကုန်သက်သာပြီး ကိုကြိုက်နှစ်သက်တဲ့ Live- Streaming လွယ်လွယ်ကူကူ ကြည့်နိုင်ပြီဆိုတော့ User တွေအတွက်အရမ်းကိုအဆင်ပြေပြီး အရင်ကလို စာတွေရေးပြီး ကိုယ်ကြည့်ချင်တဲ့ Account တွေ Channel တွေလိုက်ရှာစရာလည်းမလိုတော့အတွက်ဒုက္ခရောက်လည်း သက်သာသွားစေပါတယ်။ Live-Streaming နဲ့ စီးပွားရေးလုပ်ငန်းတွေအတွက်လည်းပိုမိုကောင်းမွန်တဲ့ရလဒ် ကောင်းတွေရရှိလာမှာဖြစ်ပါတယ်။

Twitter ရဲ့ ခြေလှမ်းသစ်တစ်ခုလို့လည်းပြောလို့ရပါတယ်။ Marketing ပိုင်းကကြည့်မယ်ဆိုရင်လည်း  Live-Streaming နဲ့ စီးပွားရေးလုပ်ကိုင်တဲ့ လုပ်ငန်းတွေအတွက် စျေးကွက်ရှာဖွေရတာပိုမိုလွယ်ကူလာပြီး Twitter ရဲ့ Screen နေရာတွေမှာ Live-Streaming တွေကို အပြိုင်အဆိုင်တွေ့လာရတော့မယ်လို့ယူဆမိပါတယ်။ ကဲဒီတော့ Twitter ပဲအသုံးများတယ်ဆိုတဲ့ မိတ်ဆွေတွေလည်း ဒီ Update လေးလာရင် ကိုယ်အရမ်းကို နှစ်သက်ရပါတယ်ဆိုတဲ့ Account ပဲဖြစ်ဖြစ် Channel ပဲဖြစ်ဖြစ် ကို Follow ထားဖို့ မမေ့ကျပါနဲ့လို့ သတင်းကောင်းပေးလိုက်ပါတယ်။

Ref – socialmediatoday

Leave a Reply

social sharing buttons