
Instagram မှာ Engagement ပိုရယူနိုင်မယ့် Feature (၂) ခု
26 Feb 2020
အခုချိန်မှာ Instagram နဲ့စီးပွားရေးလုပ်ငန်းတွေကို တွဲဖက်ပြီးလုပ်ကိုင်လာကြပါပြီ။ အောင်မြင်ဖို့အတွက်ဆိုရင်တော့ လိုအပ်တဲ့ Reach တွေ Engagement တွေ ရရှိဖို့လိုအပ်ပါတယ်။ Update အသစ်တိုင်းမှာ Feature အသစ်တွေကို ထည့်ပေးတတ်ပါတယ်။ အခုဖော်ပြပေးသွားမှာကတော့ Instagram Stories နဲ့ Live Video တွေမှာ Engagement ပိုရရှိလာစေမယ့် Feature (၂) ခုကိုဖော်ပြသွားမှာ ဖြစ်ပါတယ်။ ဒီ Feature တွေကတော့...
Countdowns
ယခုအချိန်မှာတော့ Instagram User တွေအနေနဲ့ Instagram’s Stories မှာ Creative ဖြစ်တဲ့ Countdowns Sticker လေးတွေကို အသုံးပြုနိုင်ပါပြီ။ Marketer တွေအတွက်လည်း Product Launch ပဲဖြစ်ဖြစ် Event တွေပဲဖြစ်ဖြစ် Countdown လုပ်ထားနိုင်တဲ့ အတွက် Audience ရဲ့ စိတ်ဝင်စားမှုကို ကြေညာမှု ပုံစံအသစ်နဲ့ ရရှိနိုင်ပါတယ်။ E commerce Retailer တွေအနေနဲ့လည်း ဒီ Feature လေးကိုသုံးပြီး Limited-offer တွေ Promotion တွေကို Countdown လုပ်ထားနိုင်ပါသေးတယ်။
Question
ဒီ Feature ကတော့ Instagram’s Live တွေမှာ Question Sticker ကိုသုံးပြီး Follower တွေရဲ့ မေးခွန်းတွေကို Real Time မှာ ဖြေပေးလို့ ရနိုင်ပါတယ်။ Live Video တွေ Popular တွေဖြစ်လာတဲ့ အချိန်မှာ ဒီ Question Feature ကတော်တော် ကို Useful ဖြစ်လာမယ့် Feature လို့လည်း ယူဆနိုင်ပါတယ်။ User တစ်ယောက်က Instagram’s Live မှာ Question Sticker နဲ့ လွှင့်နေမယ်ဆိုရင် Follower တွေမေးတဲ့ မေးခွန်းကို လွယ်လွယ်ကူကူမြင်ပြီး ချက်ချင်း အဖြေပြန်ပေးနိုင်မှာဖြစ်တဲ့ အတွက် တော်တော်လေးကို Effective ဖြစ်ပြီး Engagement လည်း ပိုမိုရရှိလာစေနိုင်တဲ့ Feature တစ်ခုလို့ ပြောနိုင်ပါတယ်။
ဒီ Feature လေးတွေကို iOS နဲ့ Android Device တွေမှာ အသုံးပြုနိုင်မှာဖြစ်ပြီး Live Video လွှင့်ခြင်းကိုတော့ iOS Device တွေမှာပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ Android Device တွေက Live Video ကိုတော့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။