logo
myanmar
iOS Messenger Update မှာဘာတွေပါလာလဲ?

iOS Messenger Update မှာဘာတွေပါလာလဲ?

03 Mar 2020

Apple ချစ်သူတွေအတွက် အခုထွက်လာတဲ့ Messenger Update မှာဘာတွေများ အသစ်တွေ ပါဝင်လာအုံးမလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။
ပုံမှန်လောက်ပဲ သုံးတဲ့သူတွေအတွက်တော့ Update ကသိပ်မထူးဆန်းပေမယ့် Seriously သုံးတဲ့ User တစ်ယောက်အတွက်ကတော့ စိတ်ဝင်စားစရာပါ။ Update Size က 144 MB ဖြစ်ပါတယ်။ ဒီ Update မှာဘာတွေ ပါဝင်လာတာတွေကိုလည်း အောက်မှာ ဖော်ပြပေးထားပါတယ်…


-Dark Theme မှာအရင်ကထက်ပိုပြီး မျက်စိ ပသာဒပိုဖြစ်လာတာကို တွေ့ရပါတယ်


-Reaction ပိုင်းမှာဆိုရင်လည်း ရယ်စရာကောင်းတဲ့ အမိုက်စား Sticker တွေ၊ Dancing GIF အလန်းစားတွေနဲ့ Emoji အသစ်အချို့ပါဝင်ပါတယ်


-Photo နဲ့ Video Sharing လုပ်တဲ့အပိုင်းမှာလည်း Messenger Camera နဲ့ ကောင်းကောင်း Capture လုပ်နိုင်ပါပြီ။ Filter သို့မဟုတ် Doodle တွေကိုပါ အသုံးပြုနိုင်လာပါပြီ


-Calling Feature မှာဆိုရင်လည်း Audio Call ကနေ Video Call ကိုလွယ်လွယ်ကူကူနဲ့ ပြောင်းလို့ရလာပါတယ်။ Group Call တွေ Single Call တွေကိုလည်း အလွယ်တကူ ပြောင်းလဲ ပြောဆိုလို့ရလာပါတယ်။ သူငယ်ချင်းပေါတဲ့ သူတွေအတွက် Messenger မှာစကားဝိုင်း ကောင်းကောင်းဖွဲ့နိုင်မယ့် Feature လို့လည်းပြောနိုင်ပါတယ်


-Voice Message ပို့တဲ့အပိုင်းမှာလည်း အရင်ကပိုကောင်းအောင် Fix လုပ်ထားတာကိုတွေ့ရပါတယ်


-US Region မှာ Messenger ကနေ ပိုက်ဆံလွှဲတာတွေကို ပိုပြီး Secure ဖြစ်အောင်လုပ်ထားတာကို တွေ့ရပါတယ်။


-Messenger နဲ့ Business လုပ်ကိုင်မှုတွေအတွက်လည်း ပိုပြီး အဆင်ပြေလာစေမယ့်အချက်တွေလည်း ပါဝင်လာပါတယ်။ Reservations တွေ၊ Customer Support တွေအတွက် ပိုကောင်းလာစေမယ့် Feature တွေလည်းပါဝင်လာပါသေးတယ်။


Update တင်ပြီးတဲ့ မိတ်ဆွေတွေအနေနဲ့လည်း ဒီ Update အသစ်မှာ ကိုယ့်ကြိုက်တဲ့အချက်တွေ၊ မကြိုက်တဲ့အချက်တွေရှိရင် အောက်မှာ ဖော်ပြခဲ့နိုင်ပါတယ်။


Recent posts