logo
myanmar
Poll တွေကို ဘလိုနေရာတွေမှာ အသုံးပြုကြလဲ?

Poll တွေကို ဘလိုနေရာတွေမှာ အသုံးပြုကြလဲ?

11 Jul 2024

သင့်လုပ်ငန်းအတွက် Social Media ပေါ်မှာ Content တွေပဲ နေ့တိုင်းတင်နေမယ်ဆိုရင် Audience ကိုရိုးအီစေပါတယ်။ ဒါကြောင့် ယခုတစ်ခေါက် ဖော်ပြပေးချင်ကတော့ သင့်ရဲ့ Social Media ပေါ်ကလုပ်ငန်းတွေမှာ Audience ကို ဘယ်လိုနည်းလမ်းတွေသုံးပြီး စွဲဆောင်နိုင်မလဲဆိုတာဖြစ်ပါတယ်... ဒီတော့ သင့်ရဲ့ Social Media ပေါ် Content တွေကလည်း Audience ရဲ့ အာရုံစိုက်မှုကိုရရှိဖို့ လိုအပ်ပါလိမ့်မယ်။ သင့်ရဲ့ Social Content တွေဟာ ကောင်းကောင်းမွန်မွန်ရေးသားထားရဲ့လား၊ သင်ပြုလုပ်ထားတဲ့ Video Content တွေဟာဆို ရင်လည်း Audience ရဲ့ အမြင်အာရုံကို အမိအရဖမ်းစားနိုင်ရဲ့လားဆိုတာကို ပြန်လည်စီ စစ်ပေးပါ။ တကယ်လို့ သင်ဟာ Audience ကိုဂရုမစိုက်ခဲ့ဘူးဆိုရင် Audience ကလည်းသင့်ရဲ့ Content ကို ဂရုစိုက်မှာမဟုတ်ပါဘူး။ ဒီလိုသာဆိုရင် သင့်ရဲ့ လုပ်ငန်းအတွက်ထိ ခိုက်လာနိုင်ဖွယ်ရှိပါတယ်။



တခါတလေမှာ Content တွေကြီးပဲဆိုရင်လည်း Audience ကငြီးငွေ့လာတတ်ကြပါတယ်။ ဒီတော့ သင့်ရဲ့

Audience တွေအတွက် အပြောင်းအလဲလေး ဖြစ်အောင် Polls လေးတွေလုပ်ပေးပါ။ ဒီ Polls လေးတွေက

ထင်မထားတဲ့ ကောင်းကျိုးလေးတွေရရှိတတ်ပါတယ်။ ဘယ်လိုလည်းဆိုရင် Polls လေးတွေကို အပြောင်းအ လဲဖြစ်အောင် ပြုလုပ်ထားပေးမယ် Audience ရဲ့ Engagement ကိုရတတ်ပါတယ်။ ဥပမာ- သင့်လုပ်ငန်းမှာ Product တွေကအများကြီးရှိပေမဲ့ ဘယ် Product က လူကြိုက်ပိုများလဲဆိုတာကို မသိသေးသော်လည်း Product အများကြီးကို Polls ထဲမှာထည့်ထားခဲ့မယ်ဆိုရင် Audience တကယ်ကို ကြိုက်နှစ်သက်တဲ့ Product ကို Polls ထဲမှာ မြင်နိုင်ပါတယ်။



ဒီအချက်လေးမှာတင် အကျိုးအမြတ်ရသင့်သလောက် ရရှိနေပါပြီ။ နောက်တစ်ချက်က Audience တွေဟာ အမေးအဖြေ မေးခွန်းလေးတွေ၊ ရွေးချယ်ရတာတွေ ကိုနှစ်သက်ကျပါတယ်။ သူတို့နှစ်သက်တာ ကို ရွေး ချယ်ဖို့၊ ဖြေကြားဖို့ကို Social Media မှာ မရွေးရဲ၊ မဖြေရဲ တဲ့ Audience က နည်းပါတယ်။ Audience တွေမှာလည်းသူတို့ကြိုက်တာရှိသလို မကြိုက်တာလည်းရှိတဲ့ အတွက် Polls ပေါ်မှာ ကိုယ်ကြိုက်နှစ်သစ်ရာ ကို အပြိုင်အဆိုင်ငြင်းခုန်၊ Vote ပေးရတဲ့ အတွက် Audience ရဲ့ ကျေနပ်နှစ်သက်မှုကိုရရှိနိုင်မှာဖြစ်ပါတယ်။




ဒါကြောင့်မို့ Social Media မှာလုပ်ငန်းတစ်ခုခု လုပ်ကိုင်နေတဲ့သူဖြစ်ခဲ့မယ်ဆိုရင် Content တွေချည်း အမြဲမတင်ပဲ တစ်ခါတစ်လေမှာ Audience အတွက် Polls လေးတွေပြုလုပ်ပေးခြင်းက Engagement ပိုမိုရရှိ နိုင်ပါတယ်။



Recent posts