
Digital ခေတ်ရောက်နေပြီဆိုတော့ Business တွေကို Strategy မျိုးစုံနဲ့ ချဲ့ထွင်လာ ကြတာကို တွေ့ရပါတယ်။ Traditional Marketing ကလည်း လက်ရှိမှ အသုံးဝင်နေသေးသလို၊ Digital Marketing ကတော့ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကျတဲ့ Marketing တစ်မျိုး အဖြစ်တွေ့ရှိရပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာဆိုရင်တော့ Digital Marketing နယ်ပယ်ထဲမှာ ပါဝင်တဲ့ Social Media Marketing ကိုပိုမို အသုံးပြုကြတာကိုတွေ့ရှိ ရပါတယ်။ ဒါကြောင့် Social Media Marketing နဲ့ပက်သက်ပြီး လေ့လာနေသူတွေအတွက်တော့ ဒီအသုံးဝင်နေဆဲ Social Media Marketing Trend တွေကိုသိထားသင့်ဖို့ လိုအပ်ပါတယ်…
Social Media Stories တွေက ၂၀၂၀ မတိုင်ခင်နဲ့ နောက်ပိုင်းမှာပါ အရေးပါနေဆဲ Trend တစ်ခုဖြစ်ပါတယ်။ Stories တွေမှာ Live Video တွေကြောင့် ရခဲ့တဲ့ Brand Awareness နဲ့ Engagement ရရှိမှုက သိသိသာသာ ကိုတိုးတက်လာတာတွေ့ရပါတယ်။ Snapchat ရဲ့ My Story ဟာဆိုရင် Instagram နဲ့ Facebook တို့ရဲ့ Stories Version တွေမတိုင်မီက Engagement ကောင်းကောင်းရခဲ့တဲ့ Social Media Stories လို့လည်း သိရှိခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ဒီ Social Media Stories တွေကနေရရှိခဲ့ Engagement Rate ဟာလည်း အံ့မခန်းလောက်အောင် များပြားခဲ့ပါတယ်၊ ဒါကြောင့် Social Media Stories တွေက ရှောင်လွှဲလို့ မရတဲ့ Trend ထဲမှာပါဝင်ပါတယ်။
Storytelling က လက်ရှိမှာ အသုံးဝင်နေတဲ့ Marketing Trend တစ်ခုအဖြစ်ပါ ရပ်တည်နေဆဲပါ။ Storytelling ကိုအသုံးပြုပြီး သင့် Brand ဟာ Personal ဖြစ်တယ် ကိုယ်ပိုင် Make ဖြစ်တယ် ဆိုတာကိုဖော်ပြနိုင်ပါတယ်။ Customer အများစုဟာ Product/Service Brand တွေရဲ့ တကယ် အစစ်အမှန်ဖြစ်ကြောင်း နောက်ကွယ်က တကယ်လုပ်ကိုင်နေတဲ့ Organization ရဲ့ လုပ်ကိုင်မှုတွေကိုဖော်ပြပေးတဲ့ Brand မျိုးတွေကို ပိုမိုနှစ်သက်လေ့ ရှိတဲ့ အတွက် Storytelling ဟာလည်း ရှောင်လွှဲမရတဲ့ Marketing Trend ထဲမှာပါဝင်ပါတယ်။
ဒီ Social Media Marketing Trend တွေဟာ လက်ရှိအချိန်ထိ အသုံးဝင်နေတဲ့ Trend တွေဖြစ် တဲ့အတွက် Social Media Marketing နဲ့ Business Run မယ်ဆိုတဲ့ သူတွေအတွက် ပစ်ပယ်မထားသင်တဲ့ Trend တွေလို့လည်း ပြောနိုင်ပါတယ်။