logo
myanmar
Quality နဲ့ Consistency တို့ဟာ Content ဖန်တီးရာမှာ ဘယ်လောက်အရေးပါသလဲ?

Quality နဲ့ Consistency တို့ဟာ Content ဖန်တီးရာမှာ ဘယ်လောက်အရေးပါသလဲ?

24 Feb 2021

Content Marketing နဲ့ Marketing Strategy တွေထဲမှာမှ အဓိကကျတဲ့အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ အခုလို Social Media ပေါ်မှာ Content တွေဖန်တီးပြီး Advertise လုပ်လာတာများလာတာနဲ့ အမျှ ကိုယ့်ရဲ့ Content ကိုစိတ်ဝင်တစားဖတ်ရှုမှုနည်းပီး View အနည်းငယ်ရရုံ မေ့မေ့ပျောက်ပျောက်ဖြစ်သွားတာမျိုးတွေကြုံလာတဲ့အခါ ဖန်တီးမှုတွေဟာ အချိန်ကုန်လူပန်းဖြစ်ရပါတယ်။ Content ဖန်တီးတဲ့နေရာမှာ အခြေခံမေ့လျော့နေတတ်တဲ့ ၂ ချက်ကတော့ Quality နဲ့ Consistency ကိုပါ။

Quality

Quality ဟာ Quantity ထက်အမြဲအရေးကြီးပါတယ်။ သင်ဟာ တစ်ပတ်မှာ Content ငါးခုရအောင်ဖန်တီးနေပြီး သင့်ရဲ့ Social Media or Blog မှာ အမြဲတင်နေပေမဲ့ Quality ပိုင်းမှာ ချို့ယွင်းနေတဲ့အခါမှာ Audiences တွေသိလိုတဲ့အကြောင်းအရာကို မရောက်တဲ့အခါ သင်ရေးနေပေမဲ့ အကျိုးမထူးပါဘူး။ အဲ့ဒီအစား တစ်ပတ်မှာ Quality Content နှစ်ပုဒ်တင်ခြင်းဟာ Audiences တွေရဲ့စိတ်ဝင်စားမှုကိုပိုမိုရရှိစေနိုင်ပါတယ်။သင်ဟာ Audiences တွေပေးတဲ့ Comment တွေ Feedback နဲ့ Question တွေထဲကသင်ပြောပြချင်တဲ့အရာမျိုးတွေ့လာတဲ့အခါမျိုးတွေမှာ သင်ရေးချင်တဲ့ ပေးချင်တဲ့အကြောင်းအရာတွေကို စိတ်ဝင်စားဖွယ် Quality Content တစ်ပုဒ်အဖြစ်ဖန်တီးပြီး တင်ပေးခြင်းဟာ ပိုမိုထိရောက်မှာပါ။သင်ကိုယ်တိုင်ပြောပြချင်တဲ့အကြောင်းအရာInformation မျိုးကို သင့်ရဲ့ Experiences တွေကနေတစ်ဆင့် အချိန်ယူဖန်တီးပြီး သင်ကိုယ်တိုင်နှစ်သက်ပြီ စိတ်ကျေနပ်ပြီဆိုမှ Publish လုပ်ခြင်းဟာ ပိုမိုကောင်းမွန်ပါတယ်။

Consistency

အထက်မှာပြောခဲ့သလို Quantity ကို Quality ကိုဦးစားမပေးသင့်ဘူးဆိုပေမဲ့ သင့်ရဲ့ Post ကို ပုံမှန်မတင်ပဲ သင်စိတ်ကူးပေါက်မှ Content ကိုတင်ခြင်းမျိုးကိုတော့ရှောင်ရှားသင့်ပါတယ်။ သင့်ရဲ့ Content Strategy ဟာ သင့်မှာရှိတဲ့ Audiences တွေရဲ့ လိုလားမှု၊စိတ်ဝင်စားမှုနဲ့ သင်ရေးတဲ့ Content ရေးခြင်းအပေါ်မူတည်ပါတယ်။ ဥပမာ သင်ဟာ Food Blog မှာ တစ်ပတ်အတွင်း Recipe သုံးလေး မျိုး အတွက်တင်ဖို့ ဆိုတာ မလွယ်ကူပါဘူး အဲ့ဒီအခါမှာ သောကြာနေ့ညနေတိုင်း သင့်ရဲ့ Recipe Post ကိုတင်ခြင်းဟာ Audiences တွေရဲ့ စိတ်ဝင်စားမှုနဲ့ Engagement ကိုပိုမိုရရှိစေမှာပါ။သင့်မှာ Follower အယောက် ၁၀၀ ပဲရှိခဲ့တယ်ဆိုရင်တောင် သင်ဟာ အပတ်စဉ် သောကြာနေ့ညနေ တင်တာကို စောင့်နေတဲ့ အယောက် ၁၀၀ အတွက် သင့်ရဲ့ Post ကိုတင်ကိုတင်ရပါမယ်။ အယောက် ၁၀၀ ပဲရှိတာ နောက်နေ့မှ တင်လိုက်မယ်ဆိုတာမျိုးကိုရှောင်ရှားသင့်ပါတယ်။

အခြေခံကျပေမဲ့ မေ့လျော့နေတတ်တဲ့အတွက် ဒီနှစ်ချက်ကိုဂရုပြုပေးဖို့မျော်လင့်ပါတယ်။

Recent posts