အခုလိုနည်းပညာဖွံ့ဖြိုးတိုးတက်လာတဲ့ ခေတ်မှာဆိုရင်တော့  Video Content တွေဟာ Social Media Marketing မှာအရေးပါလာပြီး ဘာကြောင့် လူတွေဟာ Video Content တွေကိုပိုမိုနှစ်သက်ရလဲဆိုတာတဲ့အားသာချက်တွေ ရှိပါတယ်။

 

Facebook မှာဆိုရင် Video Content တွေဟာအခြား Content တွေထက် Audience တွေရဲ့ Engagement ကိုပိုမိုရရှိတယ်လို့ လေ့လာမှုတွေအရသိရပါတယ်။

 

Twitter မှာဆိုရင်လဲ Video ဟာ သာမာန် Post တွေတင်တာထက် ကိုးဆ ပိုမိုပြီး Engagement ကိုပိုမိုရရှိစေပါတယ်။

 

Instagram မှာဆိုရင်လဲ Video Contentတွေဟာသာမာန် Post ထက် Likes, Comments နဲ့ Engagement တွေပိုမိုရရှိပါတယ်။

 

Pinterest မှာတော့ Video Content ဖြင့်ကြော်ညာထားတဲ့ Brand ကိုကြည့်ရှုတဲ့သူတွေဟာ သာမာန်ကြော်ညာထားတဲ့ Post တွေထက် နှစ်ဆပိုပြီး အဆိုပါ Video Content ကိုကြည့်ရှုပြီးတာနဲ့တခါထဲ Purchase လုပ်တယ်လို့ဆိုပါတယ်။

 

LinkedIn User တွေကတော့ သူ့ရဲ့ Platform မှာရှိတဲ့အခြား Postတွေထက် အဆ ၂၀ တောင် Video Content ကိုပိုမို Sharing လုပ်ကျတယ်ဆိုပါတယ်။

 

Brand တစ်ခုရဲ့ Video Content  ကိုကြည့်ရှုရခြင်းကို သာမာန် Content ကိုဖတ်ရခြင်း ထက်ပိုပြီး စိတ်ဝင်စားကျပါတယ်။ 71% သောဝယ်သူတွေဟာ Video Content ကိုကြည့်ရှုပြီးတာနဲ့ အဆိုပါ Brand ကိုတစ်ခါထဲဝယ်ယူကျတလို့ဆိုပါတယ်။

 

Email ကို Video ဖြင့်ပေးပို့ခြင်းဟာ တစ်ခြားသာမာန်ပေးပို့တာထက်အဆပေါင်းများစွာ Click လုပ်ခြင်းကိုခံရတဲ့အပြင် SEO အတွက်လဲ Video Content ဟာ အဆပေါင်း ငါးဆယ်အထိ သာမာန် ထက်Page Rank ကိုတက်စေပါတယ်။ 87% သော Marketer တွေအနေနဲ့လဲ Positive ROI ကို Digital Video တွေကနေတစ်ဆင့်ရရှိစေပါတယ်။

 

ဒီအချက်တွေ လေ့လာသုံးသပ်ကြည့်ပြီး မိတ်ဆွေတို့ရဲ့ လုပ်ငန်းတွေအတွက် Video Marketing ကိုသုံးသင့်/မသုံးသင့် ချင့်ချိန်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။

 

Leave a Reply

social sharing buttons