Facebook ဟာ AR Tools တွေကိုအသုံးပြုဖို့ ကြိုးပမ်းခဲ့တာ အခုဆိုရင် Messenger Video Chat ရဲ့ Game Group မှာ AR Game အနေနဲ့ ပါဝင်လာပါပြီ… ဒီ AR Game Option ဟာဆိုရင် Video Call ခေါ်နေတဲ့ အချိန်မှာ အသုံးပြုနိုင်ပါတယ်။ ဒီ Option လေးကတော်တော်လေးမိုက်ပါတယ် သင်နဲ့ သင်ရဲ့သူငယ်ချင်းတစ်ယောက်လောက် Video Call ခေါ်နေတဲ့အချိန်မှာ Challenge လုပ်ပြီးဆော့လို့တောင်ရပါတယ်။ “တစ်ယောက်ထဲနဲ့ပဲ Challenge လုပ်လို့ရမှာလား?” ဆိုရင်တော့ တစ်ယောက်နေ ခြောက်ယောက်အထိ ဆော့လို့ရပါတယ်။

ဘယ်နားကသုံးရတာလဲဆိုရင်တော့ Messenger က Video Call ကိုဝင်လိုက်ပါ၊ သာမန် Video Call ကိုအရင်မြင်ပါမယ်။ Screen ကိုတစ်ချက်ထိလိုက်ရင် ကြယ်ပုံလေးရယ် Camera ရယ် Image တွေကိုတစ်ဖက်လူကိုပြတဲ့ Button လေးတွေရှိပါတယ်။ အဲ့ဒီ သုံးခုထဲက ကြယ်ပုံလေးထဲမှာ ပါပါတယ်။ လက်ရှိမှာတော့ AR Game နှစ်ခုပဲရှိပါသေးတယ်။ တစ်ခုက အာကာသယာဉ်လေးက ဥက္ကာပျံတွေကိုရှောင်ရမှာဖြစ်ပြီး၊ နောက်ဂိမ်းတစ်ခုက Don’t Smile ဆိုတဲ့ဂိမ်းလေးပဲဖြစ်ပါတယ်၊ အဲ့ဂိမ်းတကယ်ပျော်ဖို့ကောင်းပါတယ်။ သူငယ်ချင်းတစ်ယောက်နဲ့ စမ်းဆော့ကြည့်ပါ မရယ်ပဲနေနိုင်မလားဆိုပြီး။ စိတ်ညစ်နေတဲ့အချိန်မှာ Don’t Smile ဆိုတဲ့ AR Game လေးကိုဆော့ဖြစ်အောင်ဆော့ကြည့်ပါ။

ဒါကြောင့်မို့ Messenger ရဲ့ Update တွေထဲမှာတော့ ဒီ Update လေးကိုတော်တော် သဘောကျမိတာအမှန်ပါပဲ။

Ref – socialmediatoday

Leave a Reply

social sharing buttons