logo
myanmar
Video Content တွေ Facebook မှာတင်မယ်ဆို ဒီအချက်တွေကို ဂရုစိုက်ပါ

Video Content တွေ Facebook မှာတင်မယ်ဆို ဒီအချက်တွေကို ဂရုစိုက်ပါ

30 Apr 2020

Video content တွေဟာ Social Platform များအကြားမှာ အဓိကအရေးပေးခံလာရပြီး အထူးသဖြင့် Facebook မှာ Video content ကိုပိုမိုအလေးပေးဦးတည်နေတာကိုတွေ့ရပါတယ်။အကယ်၍သင်ဟာ သင့်Facebook ရဲ့ Performance ကိုပိုမိုတိုးတက်စေလိုရင်တော့ Video content ကိုလဲထည့်စဉ်းစားဖို့လိုနေပါပြီ။Facebook ရဲ့ Video Trend တွေကိုလေ့လာရှာဖွေနေသူတွေအတွက် Video Content အတွက် အဓိကကျတဲ့အချက်တွေကိုဖော်ပြပေးလိုပါတယ်။

ပထမဆုံးအချက်အနေနဲ့ အမြဲတမ်းကြည့်ရှုသူ Viewer တွေရရှိအောင်တည်ဆောက်ပါ။သင့်ရဲ့ Video content တွေကို Viewer များများရလိုပါက သင်တင်တဲ့ Video တွေကို Viewr တွေနောက်တကြိမ် ထပ်ခါထပ်ခါလာကြည့်ချင်အောင်ဆွဲဆောင်ဖို့လိုပါတယ်။ဒါကြောင့် သင့်ရဲ့ Video တင်မဲ့အချိန်ကို Schedule ဖြင့်ဖော်ပြတာမျိုး ဒါမှမဟုတ် Video မတင်ခင် တင်မဲ့အချိန်ကိုကြိုပြီး Post တင်တာမျိုးတွေပြုလုပ်သင့်ပါတယ်။ဒါ့အပြင် ရရှိတဲ့ Result အပေါ်မူတည်ပြီး Reach များအောင် Boost လုပ်နိုင်ပါတယ်။

နောက်တစ်ချက်အနေနဲ့ အလေးပေးရမှာကတော့ Viewer တွေပေးတဲ့ Comment နဲ့ အမေးစကားတွေကိုဂရုတစိုက်ဖြေကြားပေးရပါမယ်။ Social Media မှာ Social ကျဖို့အရေးကြီးပါတယ်။Engagement ကောင်းကောင်းရဖို့အတွက် Comment reply အတွက်အချိန်ပေးဖို့ဂရုပြုရပါမယ်။သာမန် ကြည့်ရှုနေသူတွေကနေ ကိုယ့်ရဲ့ Loyal Viewer အမြဲတမ်းကြည့်ရှုသူတွေဖြစ်လာဖို့ ဒီအချက်ဟာအရေးပါပါတယ်။နောက်တင်မဲ့ Video တွေအတွက်လည်းအကြံဉာဏ်ကောင်းတွေ ပြင်ဆင်သင့်တဲ့အမှားတွေကိုလည်း Viewer တွေပေးတဲ့ Comment တွေ Idea တွေကနေတစ်ဆင့်ရရှိနိုင်ပါတယ်။

သင် Facebook မှာတင်ထားတဲ့ Video Link ကို သင့်လုပ်ငန်းနဲ့ပက်သက်တဲ့ Social Media Channel တွေမှာ Sharing လုပ်ပေးတာကလဲ Viewer တွေရရှိဖို့နည်းလမ်းတစ်ခုပါပဲ။Email,LinkedIn,Instagram,Twitter အစရှိတာတွေမှာ Sharing လုပ်ခြင်းဟာ Facebook မှာတင်တာလောက် Viewer များများမရရှိသိတိုင်အောင် သင် Facebook ပေါ်မှာပုံမှန် Video Content တွေ တင်နေတယ်ဆိုတာကိုသတိပြုမိစေပါတယ်။ဒါဟာလည်း ထိရောက်တဲ့နည်းလမ်းတစ်ခုပါပဲ။

Facebook ဟာ Google မဟုတ်သည့်တိုင်အောင် တစ်ရက်ကို ရှာဖွေမှုပေါင်း ၂ သန်းကျော်အောင် Facebook ပေါ်မှာ ရှာဖွေမှုပြုလုပ်ကျပါတယ်။ဒါကြောင့်သင့်ရဲ့ Page ဒါမှမဟုတ် Video content တွေကိုရှာဖွေမှုပိုမိုရရှိစေရန်အတွက် Video တွေတင်တဲ့အခါ Page name တွေ သင့် Video မှာရှိတဲ့အကြောင်းအရာ Keyword စတာတွေကို ပြည့်ပြည့်စုံစုံဖော်ပြပေးခြင်းဟာလည်း သင့်ရဲ့ Content ကိုရှာဖွေရာမှာပိုမိုလွယ်ကူစေတဲ့အတွက်Viewer တွပိုမိုရရှိလာမဲ့အချက်ပဲဖြစ်ပါတယ်။

Ref-socialmediatoday

Recent posts