logo
myanmar
LinkedIn ရဲ့ Message Tool မှာ Voice Clip တွေသုံးနိုင်ပြီ

LinkedIn ရဲ့ Message Tool မှာ Voice Clip တွေသုံးနိုင်ပြီ

25 Jul 2018

Communication ကောင်းမွန်ဖို့အတွက် Message သာမက Voice Clip တွေမှာအသုံးပြုနိုင်အောင် LinkedIn ကပြုလုပ်လိုက်ပါတယ်။ သာမန်အချိန်တွေမှာ စာရိုက်ပြီး Message ပို့ကျတာကတော့ အဆင်ပြေပါတယ်၊ ဒါပေမဲ့ အရေးပေါ်အခြေအနေတွေ၊ စာရိုက်လို့မအားတဲ့ အချိန်တွေမှာတော့ Voice
Clip လေးတွေကိုသုံးပြီး ကိုယ်လိုချင်တဲ့ Message ကိုပေးနိုင်တာဟာ Voice Clip တွေရဲ့အားသာချက်ပဲဖြစ်ပါတယ်။ နောက်ပီးတော့ စကားပြောတာဟာ စာရိုက်ခြင်းထက် (၄) ဆ မြန်ဆန်ပြီး၊ လိုအပ်တဲ့ Message ကိုလည်းသဘောပေါက်နားလည်လွယ်ကူစေပါတယ်။ နောက်တစ်ချက်ကတော့ Voice
Message ချန်ထားခြင်းဟာ ကိုယ်ပြောချင်တဲ့သူတစ်ယောက်ဟာ Online ပေါ်မှာမရှိတာတို့၊ Phone/PC နားမှမရှိခဲ့တာတို့ စတဲ့အချိန်တွေမှာ ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို မြန်မြန်ဆန်ဆန်သိရှိနိုင်ပါတယ်။
ဒီတော့ Voice Clip လေးတွေကို အသုံးပြုပြီး Communication လုပ်နိုင်အောင် LinkedIn ကလည်းထည့်သွင်းလိုက်ပါတယ်။ LinkedIn အသုံးပြုချင်တဲ့သူတွေအတွက်အောက်မှာ Link လေးတွေပေးထားပါတယ်။


For Android

https://play.google.com/store/apps/details?id=com.linkedin.android&hl=en_US


For iOS

https://itunes.apple.com/us/app/linkedin/id288429040?mt=8


Ref - socialmediatoday


Recent posts