Video Content တွေကလည်း Digital Marketing မှာ တော်တော်ကို အသုံးပြုလာကြတဲ့ Content Type အမျိုးအစားတွေထဲမှာ ပါဝင်လာပါတယ်။ Marketer တွေကလည်း အသစ်သစ်သော နည်းလမ်းပုံစံတွေ နဲ့ ဈေးကွက် ကိုချဲ့ထွင်လုပ်ကိုင်တဲ့အခါမှာတော့ ဒီ Video Content တွေက တစိတ်တနေရာကနေ Audience Engagement ကို ဖမ်းစားနိုင်အောင် ကူညီပေးနေပါတယ်။ ဒီလို Video Content တွေဖန်တီးဖို့ Video Editing နဲ့ရင်နီးတဲ့ Marketer တွေအတွက် အဆင်ပြေနိုင်မယ့် Video Editing Tool အချို့ကို ဝေမျှပေးချင်ပါတယ်။

Headliner
ဒီ Video Editing Tool ကတော့ အလွယ်ကူဆုံး နည်းလမ်းနဲ့ Caption တွေတပ်ပြီး Video Content ဖန်တီးနိုင်တဲ့ Tool တစ်ခုဖြစ်ပါတယ်။ သင်ဖန်တီးချင်တဲ့ Video Content မှာ Image, Video နဲ့ GIFs အစရှိတဲ့ File Format ကိုထည့်သွင်းနိုင်ပြီးပါ ဖန်တီးနိုင်ပါတယ်။ ဒီ Tool ကိုတော့ Free Version, Pro Version တွေကို ရွေးချယ်နိုင်ပြီး အသုံးပြုနိုင်ပါတယ်။

Climpchamp Create
နောက်ထပ် Video Content တွေကို ဖန်တီးထားနိုင်မယ့် Tool တစ်ခုကတော့ Climpchamp Create ဆိုတဲ့ Tool ပါ။ Free Version မိတ်ဆွေတို့ကို လုပ်ပိုင်ခွင့်အနေနဲ့ဆိုရင် Unlimitted Video Project, Basic Editing Tool တွေကို အသုံးပြုနိုင်ပါတယ်။ Free Version မှာ Export Video Quality ကတော့ Watermark မပါတဲ့ Video တစ်ခုကို 480p နဲ့ Export လုပ်သွားနိုင်မှာ ဖြစ်ပါတယ်။

Quick By GoPro
ဒီ Tool ကတော့ Video Content တွေကို Mobile Device ပေါ်ကနေ ဖန်တီးပြီး Sharing လုပ်နိုင်တဲ့ Tool တစ်ခုဖြစ်ပါတယ်။ အချိန်အများကြီးမပေးပဲ Video Content တစ်ခုကို ရိုးရှင်းလွယ်ကူစွာ ဖန်တီးချင်တယ် ဆိုရင် ဒီ Tool ကိုအသုံးပြုနိုင်ပါတယ်။

Typito
Typito ကတော့ Video တစ်ခုကို Online ပေါ်မှာ မြန်မြန်ဆန်ဆန် Drug-and-drop လုပ်ချင်တယ်ဆိုရင် Typito ကို အသုံးပြုနိုင်ပါတယ်။ Free Version ကို Unlimited အနေနဲ့ အသုံးပြုသွားနိုင်မှာဖြစ်ပြီး Video Size ကို ၇ မျိုး အထိ Resize လုပ်နိုင်တဲ့ အတွက် Social Media Platform တွေပေါ်မှာလဲ သက်ဆိုင်တဲ့ Video Size ကိုရွေးချယ်ပြီး တင်နိုင်မှာ ဖြစ်ပါတယ်။

ဒီဖော်ပြခဲ့တဲ့ Video Editing Tool လေးတွေက Online ကနေအလွယ်တကူ အသုံးပြုနိုင်တဲ့ Tool တွေဖြစ်တဲ့ အတွက် Marketer တွေအတွက်လည်း လိုအပ်လာပြီဆိုရင် မြန်မြန်ဆန်ဆန်ရှာဖွေပြီး Video တစ်ခုကို ဖန်တီးနိုင်မှာပဲ ဖြစ်ပါတယ်။

Leave a Reply

social sharing buttons