
Video Marketing ဟာစီးပွားရေးလုပ်ငန်းတော်တော်များများ Commercial အတွက်ဖြစ်စေ Engagement အတွက်ဖြစ်စေ Result ကောင်းတွေရရှိစေနိုင်တဲ့ Digital Marketing တစ်မျိုးပဲဖြစ်ပါတယ်။ Visual Content အနေနဲ့ Short Video လေးတွေ Animation Video လေးတွေကို တင်ပြီး Audience စိတ်ဝင်စားမှုကို ပိုမိုရရှိလာစေတဲ့အတွက် ပိုပြီးအသုံးများလာကြတာလဲ ဖြစ်ပါတယ်။ ဒီတော့ Video Marketing ကဘယ်လောက်ထိ အသုံးတွင်ကျယ်လာတယ်ဆိုတာကိုတော့ ဒီ 2022 အတွက် Video Marketing Statistic တွေကြည့်ပြီး သုံးသပ်နိုင်ပါတယ်…
Internet User တွေက Video Content တွေကို ပိုကြည့်လာကြပါတယ်။ US တစ်နိုင်ငံထဲမှာပဲ Digital Video ကြည့်ရှုသူအရေအတွက်ဟာ 244.4 Million အထိရှိနေပါပြီ။
Video Content တွေရဲ့ Demand ဟာလည်း အတော်ကို တိုးလာပါတယ်။ 54% သော Consumer တွေက သူတို့ကြိုက်တဲ့ Brand တွေ သူတို့ Support လုပ်တဲ့ Business တွေရဲ့ Video Content တွေကို ပိုပြီး ကြည့်ရှုလိုလာပါတယ်။
Video တွေဟာ အလွန် Powerful ဖြစ်တဲ့ Marketing Tool အနေနဲ့ပါ ဖြစ်လာပါပြီ။ 86% သော Marketing Professional တွေဟာ Video ကို Marketing Tool တစ်ခုအနေနဲ့ အသုံးပြုနေကြပါပြီ။
Consumer တွေဟာ Social Media ပေါ်မှာ Video တွေကြည့်ရတာကို နှစ်သက်လာကြပါပြီ။ 73% သော Consumer တွေရဲ့ ဝယ်ယူမှုတွေဟာ Social Media ပေါ်က Video တွေကြောင့် ဖြစ်လာပါတယ်။
Consumer တွေရဲ့ Purchasing Decision တွေကို Video Content တွေကလှုံဆော်ပေးလာပါတယ်။ App သို့မဟုတ် Software တွေကိုဝယ်ယူတဲ့ Consumer တွေကို Rating အရပြောရမယ်ဆိုရင် ၁၀ ယောက်မှာ ၈ ယောက်ဟာ ထို Brand တွေရဲ့ Video Content တွေကိုကြည့်ပြီး Purchase လုပ်တာကို တွေ့ရပါတယ်။
ဒီ Statistic တွေကို ကြည့်ပြီး Video Marketing ဟာလည်း Digital Marketing နယ်ပယ် တော်တော်ကို လူသုံးများလာတယ်ဆို တွေ့ရပါတယ်။