11 Jan 2021
နှစ်သစ်မှာ ထိရောက်တဲ့ Social Media Strategy ဖြစ်ဖို့အတွက် နည်းလမ်းရှာနေပါသလား? ဒါဆိုရင်တော့ Video Marketing ကလူကြီးမင်းတို့ရဲ့ လုပ်ငန်းတွေ နောက်ပိုင်းမှာ ထိုးဖောက်ဖို့အတွက် သင့်တော်တဲ့ နည်းလမ်းထဲမှာ ပါဝင်ပါတယ်။ မိတ်ဆွေတို့အတွက် ၂၀၂၁ ခုနှစ်မှာ စောင့်ကြည့်သင့်တဲ့ Video Marketing နဲ့ပတ်သတ်တဲ့ အချက်များကို ဖော်ပြပေးလိုက်ပါမယ်…
- E-commerce Site တွေကို User-Generated Video တွေကနေရောက်ရှိလာတဲ့ User အရေအတွက်ဟာ 184% အထိရောက်မြင့်တက်လာပါတယ်
- E-learning တွေတိုးတက်လာမှုဟာဆိုရင်လည်း 34% နဲ့အထက်ကို တိုးတက်လာပါတယ်
- Digital Video Ads တွေရရှိတဲ့ အကျိုးအမြတ်ကလည်း 12.66 Billion အထိရှိလာနိုင်ပါတယ်
- 89% သော Marketer တွေရဲ့ ပြောဆိုချက်အရ Video တွေကနေရရှိတဲ့ ROI ကလည်း ရလဒ်ကောင်းတွေတယ်လို့ သိရှိရပါတယ်
- Shoppable Video တွေရဲ့ Engagement Rate က Display Advertising တွေထက်သာလွန်တာကို တွေ့ရပါတယ်
ဒီအချက်တွေက ၂၀၂၁ ကစပြီး နောက်ပိုင်းမှာပါ ပိုပြီး တိုးများလာနိုင်ဖို့ပဲ ရှိပါတယ်။ ဒါကြောင့် လူကြီးမင်းတို့ရဲ့ လုပ်ငန်းတွေအတွက်လည်း ဒီ Video Marketing
နည်းလမ်းတွေကို အသုံးပြုကြည့်ဖို့ အကြံပြုလိုက်ပါတယ်။