11 Dec 2018
Instagram ဟာ Voice Message ပို့နိုင်ဖို့ကို ၆ လအကြာ စမ်းသပ်ပြီးနောက် ယခုအပတ်ထဲမှာတော့ Official Launch လုပ်နိုင်ခဲ့ပါပြီ။ Voice Message ဆိုတာကိုတော့ User တွေအနေနဲ့ အခြား Social
Media Platform တွေမှာရင်းနှီးပြီးသား ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ Instagram မှာတော့ ဒီ
Voice Message Option ကို ယခုတစ်ပတ် အတွင်းမှာ Launch လုပ်ခဲ့တာဖြစ်တဲ့ အတွက် Voice
Message အသုံးပြုချင်တယ်ဆိုရင်တော့ Message Box ကိုဝင်ပြီး Microphone ပုံစံ Button လေး
ကိုဖိထားပြီး Voice Message ပို့နိုင်ပါတယ်။
Voice Message ဟာ Instagram မှာ Popular ဖြစ်လာနိုင်လားဆိုတဲ့ မေးခွန်းကတော့ ပြောဖို့ခက်ခဲပါတယ်။ Voice Message ဟာ WhatsApp နဲ့ Facebook မှာအသုံးပြုနိုင်ခဲ့တာ ကြာပါပြီ၊ ယခုအချိန်မှာတော့ Instagram မှာပါ အသုံးပြုနိုင်နေပြီ ဖြစ်တဲ့အတွက် Instagram User တွေအတွက်တော့ ပိုပြီးအဆင်ပြေလာစေပါတယ်။
Voice Message ကို အထူးစိတ်ဝင်စားတဲ့ Region ကတော့ အနောက်တိုင်း ဖြစ်ပြီး၊ အခြားသော
Region တွေမှာလည်း စိတ်ဝင်စားမှုတွေကို လေ့လာတွေ့ရှိရပါသေးတယ်။ ဒီ Voice Message Option
တွေမှ တိကျတဲ့ ရလဒ်တွေ၊ အကျိုးရှိတဲ့ အသုံးဝင်မှုတွေကိုလည်း ရရှိစေတဲ့ အတွက်ကြောင့် Instagram
ကလည်း Voice Message Option ကို ၆ လ အချိန်ယူစမ်းသပ်ပြီးမှ Launch လုပ်ခဲ့တယ်လို့လည်း ပြောနိုင်ပါတယ်။
Ref - socialmediatoday