Website တစ်ခုမှာ Website Design က မရှိမဖြစ် အရေးပါတဲ့ အရာဖြစ်ပါတယ်။ Website Design လုပ်တဲ့အခါ ဖြစ်တတ်တဲ့ အမှားတချို့က သင့်လုပ်ငန်းကို ထိခိုက်စေနိုင်ပါတယ်။ အဲဒါကြောင့် Website Design မှာ သတိထားသင့်တဲ့ အမှား (၁၀)ခု ကို စုစည်းတင်ပြလိုက်ပါတယ်။
၁။ နောက်ပြန်သွားဖို့ ခလုတ် (Back Button) ကို သုံးလို့ရအောင် မလုပ်ထားခြင်း
တချို့ Web Developer တွေက Website မှာ Back Button နှိပ်လို့ရအောင် သတိထားပြီး မလုပ်ထားကြပါဘူး။ Website ကို လာရောက်ကြည့်ရှုသူ တချို့က Back Button နှိပ်ပြီး နောက်ပြန်သွားကြပါတယ်။ Back Button နဲ့ သွားလို့ မရပဲ Home ကိုပြန်သွားပြီး အစကနေပြန်ရှာရတာမျိုးကြောင့် စိတ်ရှုပ်စေပြီး Website ကို မနှစ်သက်တာမျိုး ဖြစ်တတ်ပါတယ်။
၂။ Window အသစ်တွေပေါ်လာအောင် လုပ်ထားခြင်း
Website အသုံးပြုသူဟာ Tab သို့မဟုတ် Link တစ်ခုခုကို နှိပ်တဲ့အခါ ကြည့်နေတဲ့ Window ကနေ နောက် Window တစ်ခုပွင့်လာတာကို မနှစ်သက်ကြပါဘူး။ Window အသစ်ပေါ်တာတာကြောင့် အရမ်းစိတ်ရှုပ်စေပါတယ်။ Window အသစ်ပေါ်လာဖို့ကို မလိုအပ်ပဲ မထည့်သင့်ပါဘူး။
၃။ သင့်လုပ်ငန်းကို ဆက်သွယ်ရန် ဖုန်းနံပါတ်၊ လိပ်စာတို့ကို မထည့်ထားခြင်း
Website အသုံးပြုသူဟာ အကြောင်းအမျိုးမျိုးကြောင့် သင့်ကို ဆက်သွယ်နိုင်ပါတယ်။ ထိုသို့ဆက်သွယ်လိုတဲ့အချိန်မှာ သင့် Website မှာ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ လိပ်စာတွေကို အလွယ်တကူရှာမတွေ့ရင် စိတ်တိုစေမှာပါ။ စိတ်မတိုရင်တောင် သင့်လုပ်ငန်းကို ယုံကြည်မှု ပျောက်ဆုံးစေမှာပါ။ အဲဒါကြောင့် သင့် Website ရဲ့ ထင်သာမြင်သာရှိတဲ့နေရာမှာ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ လိပ်စာတို့ကို ထည့်သွင်းဖော်ပြထားသင့်ပါတယ်။
၄။ Link တွေအလုပ်မလုပ်ခြင်း
သင့် Website ရဲ့ Post တွေ Tab တွေနဲ့ တခြားဘယ်နေရာကမဆို ထည့်သွင်းထားတဲ့ Link တွေ အလုပ်လုပ်မလုပ်ကို အမြဲတမ်း စစ်ဆေးသင့်ပါတယ်။ Link သေနေမယ် တစ်နည်းအားဖြင့် Link တွေ အလုပ်မလုပ်ဘူး၊ နှိပ်လိုက်တဲ့အခါ Error 404, This site can’t be reached ပေါ်လာမယ်ဆိုရင် Website အသုံးပြုသူကို စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ Link တွေ အလုပ်လုပ်အောင် အမြဲတမ်း စစ်ဆေးနေရပါမယ်။
၅။ Website တက်ဖို့ နှေးကွေးနေခြင်း
Website တစ်ခုဖွင့်ကြည့်တဲ့အခါ အရမ်းနှေးကွေးနေမယ် Loading တက်တာ အရမ်းကြာမြင့်နေမယ်ဆိုရင် သေချာတာကတော့ Website အသုံးပြုသူဟာ သင့် Website ကို နောက်ထပ် ဖွင့်ကြည့်တော့မှာ မဟုတ်ပါဘူး။ အသုံးပြုသူရဲ့ Connection Speed ကြောင့်နှေးတာဆိုရင် သဘာဝကျပါတယ်။ သူ့ဆီမှာ တခြား Website တွေ ချက်ချင်းတက်လာပြီး သင့် Website ကျမှ နှေးနေတယ်ဆိုရင်တော့ ဘာကြောင့်နှေးနေတာလဲ သေသေချာချာ စစ်ဆေးပြီး ပြင်ဆင်ရပါမယ်။
၆။ သတင်းအချက်အလက်တွေ ခေတ်မမီတော့ခြင်း
ဒီတစ်ချက်ကလည်း ထင်ထားတာထက်ပိုပြီး အရေးကြီးတဲ့ ကဏ္ဍမှာ ပါဝင်ပါတယ်။ သင့် Website က သတင်းတွေ Out of Date ဖြစ်နေမယ် သို့မဟုတ် သင်ဟာ သင့် Website ကို အချိန်ကြာမြင့်စွာ ပစ်ထားမယ် ဆိုရင် ရှိပြီးသား User တွေ Website မသုံးတော့အောင် လုပ်နေတာနဲ့ တူတူပါပဲ။ သမိုင်းကြောင်းပြန်ရေးတာမျိုး မဟုတ်ရင် သင့်သတင်းတွေက ခေတ်မီနေသင့်ပါတယ်။ Website ကိုလည်း Post Calendar လုပ်ပြီး သူ့အချိန်နဲ့သူ Post တွေ တင်သင့်ပါတယ်။
၇။ Website က Responsive မဖြစ်ခြင်း
Website User တိုင်းက သင်အသုံးပြုတဲ့ PC, Browser အတိုင်း တစ်ထပ်တည်းကျမယ်လို့ မယူဆသင့်ပါဘူး။ လူတော်တော်များများက Desktop ထက် Mobile ကို သုံးနေတဲ့အချိန်မှာ သင့် Website က Browser တိုင်း Device တိုင်းအတွက် Responsive ဖြစ်နေသင့်ပါတယ်။ စာဖတ်ဖို့အတွက် Zoom တွေ Scroll တွေလုပ်ပြီး လိုက်ရွှေ့ဖတ်နေရမယ်ဆိုရင် ဘယ်သူမှ သင့် Website ကို နှစ်သက်မှာ မဟုတ်ပါဘူး။
၈။ Background Music တွေ ထည့်သွင်းထားခြင်း
သင့် Website ကိုဖွင့်ကြည့်တဲ့အခါ Background Music သီချင်းသံ ထွက်ပေါ်နေခြင်းက Website အသုံးပြုသူတွေကို အရမ်းအနှောင့်အယှက် ဖြစ်စေပါတယ်။ သင့် Website က အရမ်း အသုံးဝင်လို့ လာကြည့်ရရင်တောင် အသံပိတ်နေရတဲ့ အလုပ်ပိုလုပ်နေရပြီး အသုံးပြုသူတွေကို စိတ်ပျက်စေပါတယ်။ အဲဒါကြောင့် သင့် Website မှာ မလိုအပ်ပဲ Background Music တွေ မထည့်သွင်းထားပါနဲ့။
၉။ စာမျက်နှာတိုင်းမှာ Home Page ပြန်သွားဖို့ Tab မထည့်သွင်းထားခြင်း
သင့် Website မှာ Page အသစ်ရောက်တိုင်းမှာ ပင်မစာမျက်နှာ Home Page ကို ပြန်သွားဖို့ Tab မပါတဲ့အခါ အသုံးပြုသူတွေကို စိတ်ရှုပ်စေပါတယ်။ Home Page ကို သွားစရာမရှိဘဲ Address Bar မှာ Website လိပ်စာ ခဏခဏ ပြန်ရိုက်နေရတာ ဘယ်သူမှ မနှစ်သက်ပါဘူး။ အဲဒါကြောင့် သင့် Website ရဲ့ စာမျက်နှာတိုင်းမှာ Home Page ပြန်သွားဖို့ Tab ထည့်သွင်းထားသင့်ပါတယ်။
၁၀။ အခြား Social Media Platform တွေနဲ့ လွယ်ကူစွာ မချိတ်ဆက်နိုင်ခြင်း
ဒီအချက်ကလည်း အရမ်းအရေးကြီးပါတယ်။ Website အသုံးပြုသူတွေဟာ တစ်ခါတစ်ရံမှာ အခြား Social Media Platform နဲ့ သင့် Website ကို ချိတ်ဆက်ရန် လိုအပ်ပါတယ်။ ဥပမာ သင့် Website က သတင်းတစ်ပုဒ်ကို Facebook ကို Share တာမျိုးမှာ Link ကြီးကူးပြီး ပြန်တင်ရမယ့်အစား Click တစ်ချက်နဲ့ Share နိုင်ရင်ပိုကောင်းပါတယ်။ နောက် Website မှာ Account ဖွင့်တဲ့အခါ Facebook Account ရှိရုံနဲ့ Login ဝင်နိုင်တာမျိုး၊ Facebook မှာ Comment ပေးလိုက်ရင် Website မှာလည်း လာပေါ်စေတာမျိုးအတွက် Social Media Platform တွေနဲ့ လွယ်ကူစွာ ချိတ်ဆက်နိုင်ရန် လုပ်ထားသင့်ပါတယ်။
Ref: BlueCorona