01 Jun 2021
လူကြီးမင်းရဲ့ စီးပွားရေးလုပ်ငန်း အတွက် Website တည်ဆောက်ပြီး လုပ်ကိုင်ဖို့ အတွက် Website Design Project တစ်ခုလုပ်ဖို့ စတင်နေပြီးလား? သင့်ရဲ့ Website ကို Visitor အများအပြား လာရောက် ကြည့်ရှုတဲ့ Website တစ်ခု ဖြစ်ချင်ပါသလား? ကဲဒီတော့ Website တစ်ခုရေရှည် အောင်မြင်ဖို့ဆိုရင်တော့ အောက်ပါ အချက်တွေကို အဓိကထားပြီး ဂရုစိုက်သင့်ပါတယ်…
အောင်မြင်တဲ့ Website တစ်ခုရဲ့ Homepage Design အတွက်ဆောင်ရန် အချက်တွေကတော့…
-Call to Action ကိုသိသာ ထင်ရှားတဲ့ ပုံစံထားပေးဖို့ လိုအပ်ပါတယ်။ အမှန်တကယ်စိတ်ဝင်စားတဲ့ Visitor က သင့်ရဲ့ Website ထဲမှာပိုပြီး သိချင်တဲ့ အကြောင်းအရာတွေ ရှိခဲ့ရင် လွယ်လွယ်ကူကူ ဝင်ရောက်နိုင်စေခြင်းက Website Traffic အတွက် အများကြီးသက်ဆိုင်တဲ့ အတွက် Home Page မှာ Call to Action Button ကို သိသာထင်ရှားအောင် ထားပေးဖို့ လိုအပ်ပါတယ်။
-သင့် Brand တွေအတွက်ပိုပြီး Strong ဖြစ်စေချင်တယ်ဆိုရင် အတွင်း Page တွေမှာ သုံး Color Pattern က Website Home Page Layout က Color Pattern နဲ့ ကိုက်ညီ ဆက်စပ်နေဖို့ လိုအပ်ပါတယ်။
– Viewers တွေ Trust ဖြစ်စေမယ့် Home Page Layout တစ်ခု တည်ဆောက်ခြင်းကလည်း Engagement ရရှိစေအောင် Highlight လုပ်ပေးနိုင်မယ့် အချက် တစ်ချက်လည်း ဖြစ်ပါတယ်။
-Viewer တွေ Sign Up လုပ်ချင်စိတ်ကို ဖြစ်ပေါ်စေမယ့် ခိုင်လုံတဲ့ Reason နဲ့ Home Page Design ဖြစ်ဖို့ လိုအပ်ပါတယ်။
-ချိတ်ဆက်ထားတဲ့ Social Media Link တွေကို Home Page ရဲ့ Footer မှာထားပေးဖို့ လိုအပ်ပါတယ်။
အောင်မြင်တဲ့ Website တစ်ခုရဲ့ Home Page Design အတွက်ရှောင်ရန် အချက်တွေကတော့…
-Home Page မှာ Call to Action မထားပေးပဲ Product ကိုတိုက်ရိုက်ရောင်းတဲ့ Action တွေကို ရှောင်ကျဉ်ဖို့ လိုအပ်ပါတယ်။
-Home Page Layout မှာ Viewer တွေကို Boring ဖြစ်စေမယ့်အရာ၊ စိတ်ရှုပ်ထွေးစေမယ့် အရောင်တွေအများကြီး သုံးထားတာတွေ Font Style (၂) မျိုးထက်ပိုပြီး သုံးထားတွေ၊ Color တွေကို (၃) ရောင်ထက်ပိုပြီး သုံးထားတဲ့ Design တွေကို ရှောင်ကျဉ်ပါ။
– Viewer တွေစိတ်ပျက်သွားစေမယ့် ရှေးရိုးစွဲ Sign Up ပုံစံတွေကို ရှောင်ကျဉ်ပါ။
– နောက်ဆုံးတစ်ချက် အနေနဲ့ Social Media Link တွေကို Website Home Page ရဲ့ Header မှာထားချင်းကို အထူးရှောင်ကျဉ်ပါ။
ဒီအချက်တွေကတော့ စီးပွားရေးလုပ်ငန်းတွေကို Website တည်ဆောက်ပြီး လုပ်ကိုင်မယ်ဆိုရင်သိ ထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် Home Page Design တွေပဲ ဖြစ်ပါတယ်။