logo
myanmar
Instagram ရဲ့ Shopping Option ဆိုတာဘာလဲ?

Instagram ရဲ့ Shopping Option ဆိုတာဘာလဲ?

24 Nov 2022

လက်ရှိ…တိုးတက်လာတဲ့ ခေတ်ရေစီးကြောင်းအရ Social Media Platform တွေဖြစ်တဲ့ Facebook, Twitter, Instagram, LinkedIn အစရှိတဲ့ Social Media Platform တွေပေါ်မှာ စီးပွားရေးလုပ်ငန်း တွေကိုလုပ်ကိုင်လာကြပါပြီ။ ဥပမာ- အခြားစီးပွားရေးလုပ်ငန်းတွေထက် Online Shopping ဆိုရင်တော့ Social Media တစ်ခုခုပေါ်မှာ လုပ်ကိုလုပ်ရမှာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ Facebook ကိုအဓိကထားပြီး Online Shopping တွေကိုလုပ်ကိုင်ကျပါတယ်။ နောက်ပိုင်းမှာတော့ Twitter တွေ Instagram တွေမှာ ပါလုပ်ကိုင်လာကျပါပြီ။



ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Instagram ရဲ့ Story Tag မှာ Shopping Option ဆိုတဲ့ Marketing ပိုင်းကို အားသာလာစေမဲ့ Option လေးတစ်ခုကို ထည့်သွင်းလိုက်ပါတယ်။ အရင်ကဆို ရင် Online Shopping တွေဟာ ပစ္စည်းတစ်ခုကိုကြော်ငြာချင်တယ်ဆိုရင် Post တစ်ခုအနေနဲ့ တင်ခဲ့ရ ပါတယ်။ အခု Shopping Option လေးမှာဆိုရင်တော့ Tag လေးတစ်ခုအနေနဲ့ ပစ္စည်းရယ် ဈေးနှုန်းရယ်ကို အလွယ်တကူနဲ့ ကြော်ငြာရောင်းချနိုင်မှာဖြစ်တဲ့အတွက် Marketing ပိုင်းမှာတော်တော် ကိုအဆင်ပြေစေတဲ့ Tool လေးလို့ထင်မြင်မိပါတယ်။


Instagram User 400 Million ကျေျာ်လောက်က Story မှာသူတို့ Favourite ဖြစ်တဲ့ Account တွေထဲကို နေ့စဉ်နေ့တိုင်း ဝင်ရောက်ကြည့်ရှုလာတာကိုလည်းသိရှိရပါတယ်။ ဒီလို Story ကိုစိတ်ဝင်စားတဲ့ User တွေများပြားလာတာနဲ့ အမျှ Story မှာပါ စီးပွားရေးလုပ်ငန်းတွေပါလုပ်နိုင်လာဖို့အတွက် Shopping Option ကိုထည့်သွင်းပေးတယ်လို့လည်း ယူဆနိုင်ပါသေးတယ်။ ဒါပေမဲ့ ဒီ Option လေးကိုတော့ နိုင်ငံ ၄၆ နိုင်ငံမှာပဲအသုံးပြုလို့ရနိုင်သေးတယ်လို့လဲ ပြောထားပါတယ်။


ဘာပဲဖြစ်ဖြစ်ဒီ Option လေးက Online Shopping လုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေကော၊ အခြားစီးပွားရေးကြီးငယ်လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေအတွက်ပါအသုံးဝင်လာမယ့် Option လေးတစ်ခုဖြစ်လာနိုင်ပါတယ်။

Recent posts