logo
myanmar
Video Marketing ဆိုတာဘာလဲ ?

Video Marketing ဆိုတာဘာလဲ ?

21 Sept 2018

Video marketing ဟာ သင့်ရဲ့ကုန်ပစ္စည်းဒါမှမဟုတ်ဝန်ဆောင်မှုတွေကိုစျေးကွက်အ တွင်းရောက်ရှိ အောင်ပြုလုပ်တဲ့ထိရောက်တဲ့Marketingနည်းလမ်းတွေထဲကတစ်ခုအပါအဝင်ဖြစ်လာပါပြီ။၂၀၁၇ ခုနှစ်ဟာ Video Marketing အတွက် အကောင်းဆုံး နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။၂၀၁၈ ခုနှစ်ဟာ ၂၀၁၇ ခုနှစ်ထက်တောင် မှာ Video Marketing က ပိုမို ခေတ်စားလာခဲ့ပါတယ်။Brand အတော်တော်များများဟာ မိမိတို့ Product တွေကို Video Marketingပြုလုပ်ပြီး Customer တွေဆီက Engagement ကိုသိမ်းပိုက် င်ခဲ့ ကျပါတယ်။ Video content တွေဟာသုံးစွဲသူ customer တွေရဲ့အာရုံစိုက်စိတ်ဝင်စားခံရမှုကိုအခြား Text နဲ့ Image တွေအပေါ်အာရုံစိုက်မှုထက်ကြာရှည်စွာဖမ်းယူဆုပ်ကိုင်နိုင်ပါတယ်။ ဒါ့အပြင်သူ့ရဲ့ အား သာချက်ကတော့ Video တစ်ခုထဲမှာပင်မိမိဖော်ပြလိုတဲ့အကြောင်းအရာတွေကိုအရောင်အသွေးစုံလင်စွာ Visual အမြင်ကောင်းကောင်းဖြင့်ဖော်ပြနိုင်တာပဲဖြစ်ပါတယ်။သင့်ရဲ့Business အတွက် Content Marketing Strategy ထဲမှာ Video Content မပါသေးရင်တော့လုပ်ဆောင်ဖို့လိုအပ်နေပါတယ်။ အထူးသဖြင့် Video marketingကိုလူအသုံးများဆုံး YouTube မှာတွေ့မြင်ရပေမဲ့ မြန်မာနိုင်ငံမှာ လဲFacebook နဲ့ Instagram စတာတွေမှာစီးပွားရေးလုပ်ငန်းတွေအပြိုင်အဆိုင်ခေတ်ရဲ့ Trend နဲ့အညီအမှီလိုက်ပြီးကြော်ညာနေကျပါပြီ။

Video content တစ်ခုမှာသင့်ရဲ့Brand ကိုရောင်းချတဲ့ပုံစံမျိုးမဟုတ်ပဲသင့် Brand နဲ့ပက်သက်တဲ့ အချက်တွေကောင်းကျိုးတွေ စတာတွေကို Educate & Entertain ဖြစ်အောင်ဖော်ပြပေးဖို့လိုပါတယ်။ သင့် Brand ဒါမှမဟုတ် Service နဲ့ပက်သက်တဲ့ Video ကို Audience တွေကြည့်ရှုပြီးသင့်ရဲ့ လုပ်ငန်း အပေါ်အာရုံစိုက်လာဖို့အတွက်အဓိကအာရုံစိုက်ရပါမယ်။သင့်ရဲ့ Audience တွေအတွက်သင့်ရဲ့ Brand ဒါမှမဟုတ် Service ဟာစစ်မှန်ပြီးယုံကြည်စိတ်ချနိုင်တဲ့အကြောင်းဖော်ပြပေးဖို့လိုပါတယ်။Audience တွေသင့်ရဲ့Businessနဲ့ပက်သက်တဲ့အကြောင်းအရာတွေကိုပိုမိုနားလည်သဘောပေါက်လာစေဖို့အတွက်Video highlight တွေနဲ့ရှင်းလင်းဖော်ပြပေးလို့ရပါတယ်။

ယခုဆိုလျင် Video content တွေဟာ Social Media Marketing မှာအရေးပါလာပြီး ဘာကြောင့် လူတွေဟာVideo content တွေကိုပိုမိုနှစ်သက်ရလဲဆိုတာတဲ့အားသာချက်တွေလဲရှိပါတယ်။Facebook မှာဆိုရင် Video Content တွေဟာအခြား Content တွေထက် Audience တွေရဲ့ Engagement ကိုပိုမိုရရှိတယ်လို့ လေ့လာမှုတွေအရသိရပါတယ်။Twitter မှာဆိုရင်လဲ Video ဟာ သာမာန် Post တွေတင်တာထက် ကိုးဆ ပိုမိုပြီး Engagement ကိုပိုမိုရရှိစေပါတယ်။Instagram မှာဆိုရင်လဲ Video contentတွေဟာသာမာန် Post ထက် Likes,Comments နဲ့ Engagement တွေပိုမိုရရှိပါတယ်။Pinterest မှာတော့ Video content ဖြင့်ကြော်ညာထားတဲ့ Brand ကိုကြည့်ရှုတဲ့သူတွေဟာ သာမာန်ကြော်ညာထားတဲ့ Post တွေထက် နှစ်ဆပိုပြီး အဆိုပါ Video Content ကိုကြည့်ရှုပြီးတာနဲ့တခါထဲ Purchase လုပ်တယ်လို့ဆိုပါတယ်။LinkedIn user တွေကတော့ သူ့ရဲ့ Platformမှာရှိတဲ့အခြား Postတွေထက် အဆ ၂၀ တောင် Video content ကိုပိုမို Sharing လုပ်ကျတယ်ဆိုပါတယ်။

Brand တစ်ခုရဲ့ Video Content
ကိုကြည့်ရှုရခြင်းကို သာမာန် Content ကိုဖတ်ရခြင်း ထက်ပိုပြီး စိတ်ဝင်စားကျပါတယ်။ 71% သောဝယ်သူတွေဟာ Video Content ကိုကြည့်ရှုပြီးတာနဲ့ အဆိုပါ Brand ကိုတစ်ခါထဲဝယ်ယူကျတလို့ဆိုပါတယ်။Email ကို Video ဖြင့်ပေးပို့ခြင်းဟာ တစ်ခြားသာမာန်ပေး ပို့တာထက်အဆပေါင်းများစွာ Click လုပ်ခြင်းကိုခံရတဲ့အပြင် SEO အတွက်လဲ Video content ဟာ အဆပေါင်း ငါးဆယ်အထိ သာမာန်ထက် Page Rank ကိုတက်စေပါတယ်။87% သောMarketer တွေအနေနဲ့လဲ Positive ROI ကို Digital Video တွေကနေတစ်ဆင့်ရရှိစေပါတယ်။

Ref - socialmediatoday

Recent posts