ဒီတစ်ခါ WhatsApp ဟာ သင့်ကိုသင် Message တွေပြန်ပြီးပို့နိုင်မယ့် Option သစ်တစ်ခုကို ထည့်သွင်းပေးလိုက်ပါပြီ။ ဒီ Option ကအရေးကြီးလို့လား? လိုလို့လားဆိုတဲ့ မေးခွန်းတွေတော့ မေးစရာဖြစ်လာပါတယ်။ တကယ်တမ်း စဉ်းစားကြည့်မယ်ဆိုရင် အရေးသိပ်မကြီးသလို ဖြစ်နေပေမယ့် သူ့ရဲ့ အသုံးဝင်တဲ့ အရာလေးတွေရှိပါတယ်။ 

 

ဒါတွေကတော့ အရေးပေါ် Information တွေ၊ Track လုပ်ချင်တဲ့ Appointment တွေ၊ ကိုယ်အလွယ်တစ်ခု ပြန်သွားချင်တဲ့ Link တွေရှိလာတဲ့အခါမှာ တကူတက Note တွေဖွင့်၊ Folder တွေ Create လုပ်နေဖို့ အချိန်မပေးနိုင်တဲ့ အခါမျိုးတွေမှာ WhatsApp Recipients List ထဲက ကိုယ့်ရဲ့ နံပတ်ကိုပြန်ပြီး ပို့ထားလို့ ရတာပဲဖြစ်ပါတယ်။ 

 

ဒီ Option ကို Beta အနေနဲ့ October လကုန်လောက်မှာ စမ်းသပ်ခဲ့ပြီး လက်ရှိမှာတော့ WhatsApp ကို Version Update လုပ်ပြီး Android ကော iOS ကောမှာပါ Officially အသုံးပြုလို့ ရနေပါပြီ။ ဒီ Option ကတော့ WhatsApp သုံးနေရင်း Quick Note မှတ်ဖို့လိုလာတဲ့အချိန်မျိုးတွေမှာ သင့်ကိုယ်သင် ပြန်ပို့ပြီး Quick Note လုပ်နိုင်သွားတာပဲဖြစ်ပါတယ်။ 

 

အခြား Messaging Platform အချို့မှာလည်း ဒီ Option ကသုံးလို့ရနေတာပဲ ဆိုပေမယ့် WhatsApp User တွေအတွက်ကတော့ အချိန်ကုန်သက်သာအောင် ရည်ရွယ် အသစ်ထည့်သွင်းပေးလိုက်တဲ့ Option တစ်ခုလို့လည်း ပြောနိုင်ပါတယ်။ 

Leave a Reply

social sharing buttons