ဒီအပတ်ထဲမှာ ဆိုရင် Social Media Network တစ်ခုဖြစ်တဲ့ WhatsApp ဟာ သူ့ရဲ့ Status တွေမှာ Ads တွေလက်ခံနိုင်ဖို့ အစီအစဉ်တွေရေးဆွဲနေပြီဖြစ်ပါတယ်။ ဒီ WhatsApp ရဲ့ Stories ဟာဆိုရင်လည်း အခြား Social Media Network တွေလိုပဲ Stories မှာ Photo, Gif, Video လေးတွေကို Edit ပြုလုပ်နိုင်ပါတယ်။ သင်တင်ထားတဲ့ Stories ဟာ ၂၄ နာရီပြည့်ပြီဆိုရင်တော့ ပျောက်သွားမှာပဲဖြစ်ပါတယ်။ ယခုလို Ads တွေကိုထည့်သွင်းဖို့ စီစဉ်နေတာဟာ WhatsApp နဲ့ WhatsApp Stories တို့ရဲ့အသုံးပြုမှုမြင့်တက်လာခြင်း နဲ့လည်းသက်ဆိုင်နေတယ်လို့ ယူဆနိုင်ပါတယ်။

WhatsApp ရဲ့ အသုံးပြုသူမှတ်တမ်းတွေအရ လက်ရှိ WhatsApp ရဲ့ အသုံးပြုသူစာရင်းမှာ 1.5 Billion ရှိတယ်လို့ သိရှိရပါတယ်။ WhatsApp နဲ့ နေ့စဉ် Messaging ပြုလုပ်နေသူတဲ့ Messages အရေအတွက်ဟာလည်း 60 Billion ရှိနေပြီလို့လည်း သိရှိရပါတယ်။ ဒီလို ကြီးမားတဲ့ အသုံးပြုမှုအရေအတွက်ဟာဆိုရင်စီးပွားရေးလုပ်ငန်းတွေအတွက်ပါ အကျိုးသက်ရောက်မှုရှိလာနိုင်ပါတယ်။ ဒါကြောင့် WhatsApp အနေနဲ့လည်း Ads တွေကို WhatsApp ရဲ့ Status တွေမှာ ထည့်သွင်းလာဖို့ စီစဉ်နေတာလဲဖြစ်နိုင်ပါတယ်။

India နဲ့ Brazil မှာရှိတဲ့ အသေးစားလုပ်ငန်းတွေရဲ့ 80% သောအောင်မြင်မှုတွေဟာဆိုရင် WhatsApp ကနေတဆင့် ချိတ်ဆက်ပြီး အောင်မြင်တိုးတက်မှုရှိခဲ့တယ်လို့လဲ သိရှိရပါတယ်။ WhatsApp ရဲ့ နောက်ဆုံးပေးပို့ ခဲ့တဲ့ နေ့စဉ်အသုံးပြုသူမှတ်တမ်းမှာဆိုရင်လည်း အသုံးပြုသူ 450 Million ရှိတယ်လို့ သိရှိရပါတယ်။ ယခုလိုအသုံးပြုသူများပြားလာတဲ့ WhatsApp ကိုတော့ Social Media Marketing ကိုအသုံးပြုနေတဲ့ လုပ်ငန်းရှင်တွေဟာ လည်း ဈေးကွက်ရှာဖွေဖို့ အတွက်အသုံးပြုလာကျပါတယ်၊ Ads တွေပါထည့်သွင်းနိုင်မယ်ဆိုရင်တော့ စီးပွားရေးလုပ်ငန်းတွေအတွက်တော့ ပိုမိုကောင်းမွန်တဲ့ရလဒ်ကောင်းတွေရရှိလာနိုင်ပါတယ်။

Ref – socialmediatoday

Leave a Reply

social sharing buttons